(6)Unicode

5.2K 526 2
                                    


အခုဆို ရုံးပိတ်ရက်ဟာ လျင်လျင်မြန်မြန်ရောက်ရှိလာခဲ့ပြီပဲဖြစ်တယ်။ ဟိုနေ့က ကိစ္စအပြီး နောက်တစ်နေ့မှာ ရှောင်းကျန့်
က အလုပ်ကိုအိန္ဒြေမပျက် ရောက်လာတာပါပဲ။ ရိပေါ်ကသာ တစ်နေကုန် မျက်နှာမလွှဲတမ်းစောင့်ကြည့်နေခဲ့ရတာ။ ရှောင်းကျန့်ကတော့ ဘာဆိုဘာမှမလုပ်ထားတဲ့အတိုင်း စားပွဲပေါ်တင်ထားသမျှစာရင်းတွေကို ကူစစ်ပေးနေသေးတော့တာ။ ရှောင်းကျန့်က အဲ့ဒီလိုလည်း မှင်သေသေ
နဲ့ ဟန်ဆောင်ကောင်းလွန်းပြန်တယ်။

ရုံးဆင်းခါနီးမှာပဲ ပါးနဲ့မား ထိုင်ဝမ်ကနေပြန်ရောက်လာတာမို့ ရိပေါ် လေဆိပ်ကိုအပြေးအလွှား သွားကြိုလိုက်ရသေး။ဒီ ဝမ်လင်မယားက အတော်တော့ဆိုးသား။အဝေးကြီးကပြန်လာတဲ့ သားကိုကျ ကြိုဖော်မရကြဘူး။ ဟိုနဲ့ဒီ ခရီးစဥ္တိုတိုလေးကိုကျ သားဖြစ်သူကိုယ်တိုင် လာကြိုပေးပါဆိုပဲ။ တတ်လည်းတတ်နိုင်ကြပါရဲ့။
ဒီလိုနဲ့ပဲ ရုံးဆင်းချိန်မှာ ရှောင်းကျန့်နောက်ကို နောက်ယောင်ခံလိုက္မယ့်
အစီအစဥ္ဟာလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အားကျန့်...များများစား"

"ဟုတ်...ဖွားဖွား"

"အားကျန့်...ဒါလေးစားကြည့်ပါအုံး...ဒေါ်ဒေါ်ကိုယ်တိုင် ဝင်ချက်ထားတာ"

"အာ...ဟုတ်...ကျေးဇူးပါဒေါ်ဒေါ် "

ဝမ်အိမ်တော်ရဲ့ နေ့လည်စာထမင်းဝိုင်းမှာတော့ ဧည့်သည်တော်ရှောင်းကျန့်ကို ဖွားဖွားနဲ့ မားတို့က လက္မလည်အောင် ပြုစုနေကြတာပဲဖြစ်တယ်။ ရိပေါ် ကြည့်နေရင်း မြင်ပြင်းကတ်လာတာမို့ ထမင်းဖြူတွေ
ကိုသာ ပါးစပ်ထဲထိုးသိပ်သွင်းပစ်လိုက်တယ်။

"ရိပေါ်...ထမင်းကို ဘယ်လိုစားနေတာလဲ"

ပါးက ရိပေါ် စားနေပုံကိုကြည့်ရင်းပြောလာတာမို့ တူကို စားပွဲပေါ် ချလိုက်ပြီး ထရပ်လိုက်တယ်။အားလုံးရဲ့အကြည့်တွေက ရိပေါ်ကို တအံ့တဩကြည့်လာကြလေရဲ့။ ရှောင်းကျန့်အပါအဝင်ပေါ့။

"စားလို့ဝပါပြီ"

"အယ်...မြေးလေး...ဟုတ်ရဲ့လား"

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now