(5)Unicode

5.3K 549 2
                                    


ပုံမှန်ရုံးဆင်းချိန်ထက် နာရီဝက်လောက်နောက်ကျပြီးတဲ့အခါ အလုပ်လည်းလက်စသတ်ပြီပဲဖြစ်တယ်။
ရိပေါ် ရှောင်းကျန့်ကိုအရင်ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်ကတော့ သန့်စင်ခန်းထဲ ဝင်ပြီးမှသာ ထွက်လာလိုက်တယ်။
ကားပါကင်ကိုသွားတဲ့လမ်းမှာ
ရိပေါ်တစ်ယောက်တည်းပဲရှိနေတယ်ထင်ရပေမဲ့  တကယ်တမ်းကျစိတ်ဝင်စားစရာ
​ေကာင်းတဲ့ အရာတစ်ခုက ဆီးကြိုလို့နေတယ်။

သေချာပေါက် ရိပေါ်ရှေ့ကနေ ပြန်သွား
နှင့်ပြီဖြစ်တဲ့ ရှောင်းကျန့်ပေါ့။ရှောင်းကျန့်က ကားပါကင်ထဲ တစ်ခုခုကိုရပ်စောင့်နေ
ပုံရတယ်။ရိပေါ်လည်း ခြေလှမ်းကိုပြန်ရုတ်လိုက်ပြီး တိုင်အကွယ်ကနေ စောင့်ကြည့်နေလိုက်တယ်။အဲ့ဒီ အခိုက်အတန့်မှာပဲ နောက်ဆုံးပေါ် မာစီဒီးကားအနက်တစ်စီးက ပါကင်ထဲကိုမောင်းဝင်လာပြီး ရှောင်းကျန့်ဘေးမှာ ထိုးရပ်တယ်။ ပြီးတော့ ကားပေါ်ကနေ  အနောက်တိုင်းဝတ်စုံနက်ဝတ်ထားတဲ့ လူသုံးယောက်က အလျှိုအလျှိုဆင်းလာကြတော့တာပဲ။

သုံးယောက်စလုံးဟာထောင်ထောင်မောင်းမောင်းတွေ
ဖြစ်တယ်။ နေကာမျက္မှန်ကိုယ်စီတပ်
ထားပြီး ရှောင်းကျန့် ရှေ့အရောက္မှာ
တော့ တညီတညာတည်း ခါးကိုင်းဦးညွှတ်လို့ နှုတ်ဆက်လိုက်ကြပါတော့တယ်။နောက်တော့ သုံးယောက်ထဲက တစ်ယောက်ကစကားစလာတယ်။

"အဆင်ပြေပါရဲ့လား အစ်ကိုကြီး"

'ဟမ်! အစ်ကိုကြီးဆိုပါလား '

လက်နှစ်ဖက်ကိုယှက်လို့ ရှောင်းကျန့်ကို အစ်ကိုကြီးလို့ တရိုတသေပြောနေတဲ့ လူ
ကိုကြည့်ပြီးရိပေါ် အံ့ဩသွားရတယ်။ ဒီလူက ရှောင်းကျန့်ထက်အသက်အများကြီး ကြီးမှန်းသိသာနေတာပဲ။ အစ်ကိုကြီးလို့
ခေါ်ခံရတာမျိုးက ဂိုဏ်းစတားတွေမှမလား။ ဒါဆိုရှောင်းကျန့်က ဂိုဏ်းစတားများလား။ နူးညံ့ပြီး ယောကျ္ားချင်းတောင်ငေးယူရတဲ့ရှောင်းကျန့်က ဂိုဏ်းစတားလို့ယုံမှားချင်စရာ တစ်ကွက္မှမရှိ။ ရိပေါ်လည်း ဖြစ်နိုင်ချေရှိမယ့်ဟာတွေကိုသာ အပြေးအလွှားစဥ္းစားနေရတယ်။

"ပြေတယ်..ဒါနဲ့ အရေးကြီးလို့လား "

"အရေးတော့မကြီးပါဘူး...ဒီတိုင်းဆုံကြဖို့အခေါ်လွှတ်လိုက်တာပါ"

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now