(14)Zawgyicode

1.9K 74 1
                                    


ရိပေါ် ဓာတ်လှေကားထဲက အထွက္မှာ ရှောင်းကျန့်ကလည်း သူ့တိုက်ခန်းထဲကနေထွက်လာတာကို တွေ့လိုက်ရတယ်။
ရှောင်းကျန့်တစ်ယောက်တည်းမဟုတ်ဘဲ လူကြီးလူကောင်းဟန်နဲ့အဖိုးကြီးတစ်ယောက်အပြင် ဝတ်စုံနက်ဝတ်ထားတဲ့ လူနှစ်ယောက်ပါ ပါလာတာမို့  ရိပေါ် နံရံထောင့်ချိုးနား အမြန်ပြေးကွယ်ပစ်ရပြန်တယ်။

ရှောင်းကျန့်ပခုံးကို ဖက်တွယ်ထားတဲ့အဖိုးကြီးကို ရိပေါ်ဘယ္မှာမြင်ဖူးမှန်းမသိ။ အတော်လေးတော့ ရင်းနှီးနေတဲ့မျက်နှာမျိုးပဲဖြစ်တယ်။ ဒါနဲ့ ရှောင်းကျန့်နဲ့ ဒီအဖိုးကြီးက ဘယ်လိုပတ်သက်နေကြတာလဲ။ ဘေးနားက ဝတ်စုံနက်တွေက သေချာပေါက် အဖိုးကြီးရဲ့ တပည့်တပန်းတြွေဖစ်ရမယ်။တကယ်တမ်းကျ
ရှောင်းကျန့်က ဒီအဖိုးကြီးရဲ့အရှိန်အဝါတွေနဲ့ လင်းချင်းနေခဲ့တာပဲ။

အဖိုးကြီးက ရှောင်းကျန့်ကို ပွေ့ဖက်နှုတ်ဆက်နေတဲ့အပြင် ဆံပင်တွေကိုပါ ဆွဲဖွလိုက်တာမို့ ရိပေါ်ရဲ့ဒေါသကအမြင့်ဆုံးကိုရောက်သွားရပြီပဲဖြစ်တယ်။ရှောင်းကျန့်ကလည်း ရိပေါ်တစ်ခါမှမမြင်ဖူးတဲ့ အပြုံးမျိုးနဲ့ အဖိုးကြီးကိုပြုံးပြနေလေရဲ့။ဒါဆိုရင် ရှောင်းကျန့်က ကောင်းစားဖို့အတွက်ဆို ဘာမဆိုလဲလှယ်ပစ်တဲ့လူမျိုးလား။
ကိုယ့်ဘိုးဘေးအရွယ်တောင်မှမချန်လေ။ ဒါကြောင့်မို့ အရာရာကိုလျှို့ဝှက်ပြီး ဖုံးကွယ်ထားခဲ့တာကိုး။လက်စသတ်တော့ လူဆိုးလူမိုက္မဟုတ်ဘဲ သိုက်တူးသမားဖြစ်နေခဲ့တာပဲ။ဒီအဖိုးကြီးနဲ့ ဒီလိုအနေအထားမျိုးရှိနေတာတောင်မှ ရိပေါ်
ကို အပိုင်ကြံချင်နေသေးတော့တာ။

' တောက်ခ်! ရှောင်းကျန့်...ခင်ဗျား အကြံပက်စက်လှချည်လား...'

ရိပေါ်  လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဒေါသမီးတွေလောင်မြိုက်နေချိန်မှာ ရှောင်းကျန့်က အဖိုးကြီးကိုလက်ပြနှုတ်ဆက်ပြီး သူ့တိုက်ခန်းတံခါးဝဆီလှည့်ပြန်နေပြီပဲဖြစ်တယ်။ ရိပေါ် ခြေလှမ်းကျဲကြီးတွေနဲ့ ရှောင်းကျန့်နားကိုခပ်သွက်သွက်တိုးကပ်သွားတဲ့အထိ
မျက္မှန်တပ်မထားတဲ့ရှောင်းကျန့်က အခန်းလျှို့ဝှက်နံပါတ်ကို တစ်လုံးချင်းအားစိုက်နှိပ်နေတုန်းပဲဖြစ်တယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now