(19)Unicode

5.1K 469 4
                                    

Xiao Zhan's P.O.V

ရှောင်းကျန့် ဧည့်ခန်းဆိုဖာပေါ် ဝင်ထိုင်လိုက်ရင်း ဘယ်ဘက်ရင်အုံကို လက်ဖဝါးပြင်နဲ့ ဖွဖွဖိကပ်ထားလိုက်တယ်။ ဟုတ်တယ်။ သူ ရင်တွေသိပ်ခုန်နေတယ်။ ရေချိုးခန်းထဲမှာ ရိပေါ်အဆင်ပြေရဲ့လား သိချင်သေးပေမဲ့ မဝံ့ရဲတာမို့ ငြိမ်ငြိမ်လေးပဲထိုင်နေလိုက်တော့တယ်။ လူကသာ ငြိမ်လို့ဆိမ်လို့ပဲ အတွေးကတော့ ဟိုရောက်ဒီရောက် ခရီးပေါက်ပါတယ်။

ရှောင်းကျန့်က ချုံချင်းဇာတိ။ အသေးစားစက်ရုံမှူးနဲ့ အလယ်တန်းကျောင်းဆရာမတို့ကနေ မွေးဖွားလာတဲ့ တစ်ဦးတည်း
သောသား။ မားပြောပုံအရ ပါပါးက အ
ဆင့်မြင့်အကြီးအကဲတစ်ယောက်ရဲ့သားလို့သိရပေမဲ့ ပါးကတော့ အတိတ်ကိုဘယ်တော့မှ နောက်ကြောင်းပြန်မပြာပြခဲ့ဘူး။ ရှောင်းကျန့်ရဲ့ငယ်ဘဝက ဒီအတိုင်း ရိုးရိုးကလေးပဲ ဖြတ်သန်းဖြစ်ခဲ့တာပါပဲ။

ပါးက ရှောင်းကျန့်ကို ကိုယ်ခံပညာနဲ့ပတ်သက်တဲ့ အားကစားတစ်မျိုးမျိုးတတ်ထားစေချင်တာမို့ Fencing ကစားနည်းကို အလယ်တန်းအရွယ်ကတည်းက သင်ယူခဲ့ရတယ်။ ဒါကြောင့်မို့ ရှောင်းကျန့်ရဲ့ကစားသက်ကအတော်လေးရှည်နေပြီပြောရမယ်။ လူချစ်လူခင်ပေါတဲ့ရှောင်းကျန့်အတွက်တော့ ဒီကစားနည်းက ဆုတံဆိပ်တွေသိမ်းပိုက်ဖို့အတွက်သာဖြစ်ပြီး ​လက်တွေ့မှာတော့ အသုံးမဝင်ခဲ့ပါဘူး။

ရှောင်းကျန့်အလယ်တန်းနှစ်မှာပဲ လုပ်ငန်းခွင်မတော်တဆမှုနဲ့ ပါပါးဆုံးတယ်။ နောက်တစ်နေ့မှာပဲ ကားနက်ကြီးတစ်စီးက ရှောင်းကျန့်တို့သားအမိဆီ ရောက်လာခဲ့ပါတယ်။ လူကြီးတစ်ယောက်ရဲ့ ဘေးမှာ ဝတ်စုံနက်ဝတ်ထားတဲ့ လူတွေအများကြီးခြံရံလာတာမို့ ရှောင်းကျန့် အဖို့အထူးအဆန်းဖြစ်လို့နေတယ်။ မာမားက အခန်းထဲဝင်နေဖို့ပြောတာမို့ လန့်ဖျပ်ပြီးအပြေးအလွှားဝင်ပုန်းမိတဲ့အထိပဲ။

သူတို့ပြန်သွားတဲ့အခါ မာမားငိုကျန်ရစ်ခဲ့တယ်။ ရှောင်းကျန့် အခန်းထဲက ထွက်လာပြီး မာမားဆီတိုးကပ်သွားတော့ မာမားကရှောင်းကျန့် ကို ပွေ့ဖက်လို့ "မာမား...မင်းကို အဆုံးထိကာကွယ်သွားမယ်" ဆိုပြီး ထူးဆန်းတဲ့စကားကိုဆိုခဲ့တယ်။ စကားနည်းတဲ့ရှောင်းကျန့်က ဘာမှထပ်မေးဖို့လည်း သတိမရခဲ့ပါဘူး။ စိတ်ထဲမှာတော့ ဒီကားနက်ကြီးထဲက လူတွေကြောင့် မာမားငိုရတာလို့ တွေးပစ်လိုက်တာပါပဲ။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now