(4)Unicode

5.4K 589 19
                                    

ရိပေါ် အလုပ်စားပွဲကနေ ဧည့်စားပွဲမှာစာရင်းကူစစ်ပေးနေတဲ့ရှောင်းကျန့်ကို တစ်ချက်တစ်ချက်လှမ်းကြည့်ဖြစ်တယ်။အလုပ်ထဲ အာရုံရောက်နေတဲ့ရှောင်းကျန့်ကတော့ ရိပေါ်ကိုသတိထားမိပုံမပေါ်။

မျက်လွှာချထားချိန်မို့  ရွှေရောင်မျက္မှန်ကိုင်းကို လှမ်းကျော်ကြည့်တဲ့အခါ ဘေး
တိုက္မြင်နေရတဲ့ မျက်တောင်တွေက ရှည်ရှည်စင်းစင်း။ထိပ်ဖျားမှာလုံးသွားတဲ့ ထင်းစင်းနေတဲ့ နှာတံအောက်က နှုတ်ခမ်းပါးတစ်စုံကတော့ အာရုံစူးစိုက္မှုကြောင့် ရှေ့ကို စူစူကလေးချွန်နေရဲ့။ မေးရိုးထင်းထင်းတွေက ယောကျ္ားပီသမှုကို ဖော်ပြနေသယောင်ရှိတယ်။မှန်နံရံကနေတစ်ဆင့်
အခန်းတွင်း တိုးဖြာကျနေတဲ့နေရောင်ခြည်တစ်ချို့တစ်လေကြောင့်  နားရွက်ဖျားဟာ ရဲထွေး​နေပြီပဲဖြစ်တယ်။

ရိပေါ်  ရှောင်းကျန့်ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာနေမိတယ်။ယောကျ္ားတစ်ယောက်က အဲ့လောက်လှဖို့လိုအပ်လို့လား။ရှောင်းကျန့်က လူကိုနစ်မျောသွားစေနိုင်တဲ့အလှတရားကို ပိုင်ဆိုင်ထားတာပဲ။ ရိပေါ်လိုလူတောင် မျက်တောင်ခတ်ဖို့ မေ့လျော့သွားရတဲ့အထိ။

' ကျစ်! ဒီ ရှောင်းကျန့်က အန္တရာယ်သိပ်များတယ်'

ိရိပေါ် အလိုမကျစွာနဲ့ စိတ်ထဲကနေသာ စုတ်သပ်ရေရွတ်လိုက်တယ်။ သူတမော့တမောငေးကြည့်နေမိမှန်း သူသာအသိ
ဆုံးမို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချိန်က နေ့လည်စာစားချိန်ရောက်နေပေမဲ့ ရိပေါ်တမင်မသိချင်ယောင်ဆောင်နေလိုက်တယ်။ရှောင်းကျန့်ကို နေ့လည်စာသွားစားခွင့် လွယ်လွယ်နဲ့မပေးနိုင်ဘူး။ ရိပေါ်က အိပ်ရာထနောက်ကျတာမို့ မနက်စာစားထားတာလည်း နောက်ကျတယ်။ ဒါကြောင့် ဗိုက္မဆာသေးဘူး။ စာရင်းတွေ ကူစစ်ပေးနေရတဲ့ရှောင်းကျန့်ကတော့ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတုန်းပဲ။ ရိပေါ်လည်း နှုတ်ခမ်းထောင့်စွန်း ကွေးတယ်ဆိုရုံလေး ပြုံးလိုက်ပြီး နေ့လည်စာအတွက် ရှောင်းကျန့်ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now