Chapter-1

14.8K 1K 34
                                    

Unicode Version

"ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ဟေ့"

ထိုင်ခုံကို ဘန်းခနဲမြည်အောင် ကန်ချလိုက်သံနှင့်အတူ အတင်းအဖျင်းကြိုက်ကြသူများ၏ တွတ်ထိုးသံတစီစီတို့က စာသင်ခန်းထဲမှာ ပဲ့တင်ထပ်သွားလေသည်။

"ကျောင်းရဲ့အာဏာရှင်ကြီးကို ဘယ်သူတွေကရန်စပြန်ပြီလဲ"

"ဟားဟား ​ဟိုကျောင်းသူအုပ်စုပဲပေါ့။ သူများအတင်းတုတ်တာ ချက်ချင်းလူမိသွားတာလေ။ ဒါပေမယ့် ဒီတစ်ခါတော့ပွဲကြမ်းမယ်ထင်တယ်"

တစ်ခန်းလုံးရှိကျောင်းသားများဟာ သူနှင့်ကျောင်းသူတစ်စုရှိရာဆီကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်ကို သူသတိထားမိသည်။

အကြောင်းအရင်းကတော့ စာသင်ခန်းထဲကို သူဝင်လာချိန်မှာ ဤကျောင်းသူအုပ်စုဟာ သူ့အကြောင်းကို အကြိတ်အနယ်ဆွေးနွေးနေကြသည်နှင့်တည့်တိုးမိသည်။

ရည်ရွယ်ချက်အစစ်မှာ သူဟာ ထိုကျောင်းသူအုပ်စု၏ဘေးမှ တိုးတိုးတိတ်တိတ်ဖြတ်သွားခဲ့ချင်ရုံသာ။ သို့သော် သူသတိမမူမိဘဲ ထိုင်ခုံတစ်ခုံကို ခြေထောက်နှင့်ဝင်ဆောင့်မိလိုက်သဖြင့် ထိုအသံက သူ့အရှေ့ရှိကျောင်းသူအုပ်စုကိုသာမက တစ်ခန်းလုံး၏အာရုံကိုပါ ဆွဲဆောင်မိသလိုဖြစ်သွားသည့်နောက် ယခုလို နေရခက်သောလေထုကို ဖန်တီးမိသွားသည်သာ..။

သူ့အကြောင်းကို အတင်းတုတ်နေခဲ့ကြသောကျောင်းသူများက အနောက်နားမှာရပ်နေသောသူ့ကို သရဲတစ္ဆေတစ်ကောင်လို ကြောက်လန့်တကြားလှည့်ကြည့်လာကြသလို သူကလည်း သူတို့၏အထိတ်တလန့်အမူအရာများကြောင့် ရှေ့ဆက်သွားရနိုးနိုး၊ နောက်ပြန်လှည့်ရနိုးနိုးဖြစ်နေခဲ့သည်။

"အတန်းဖော်တို့... ကျေးဇူးပြုပြီး နေရာမှာပိတ်ရပ်မနေဘဲ လမ်းဖယ်ပေးကြပါလား။ ငါ ကိုယ့်နေရာကိုသွားပါရစေ"

သူက ပြေပြေလည်လည်ဆိုလိုက်သော်ငြား ထိုစကားကြောင့် တစ်ခန်းလုံး၏အမူအရာမှာ မစင်စားလိုက်ရသလိုဖြစ်သွားသည်။ သူတို့အားလုံးဟာ မယုံကြည်နိုင်ခြင်းများစွာဖြင့် သူ့ကိုငေးကြည့်နေကြပြီး အံ့သြမှုကြောင့် မျက်လုံးကလည်းအပြူးသား...။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now