Chapter-36

4.4K 473 19
                                    

Unicode Version

ဟိုတယ်၏ဧည့်ကြိုကောင်တာနားရှိ တင်းမာမှုတစ်ခု။ လွယ်လင့်တကူပေါက်ကွဲထွက်လောက်သည်အထိ သိပ်သည်းပြင်းထန်သောလေထုရယ်..။ ဆန့်ကျင်ဘက်အရပ်နှစ်ခုမှာရပ်နေကြပြီး ရန်မူလိုစွာ အချင်းချင်းစိုက်ကြည့်နေကြသော အမျိုးသားနှစ်ယောက်ရယ်..။ နှစ်ယောက်စလုံး၏ဘေးမှာလည်း အဖော်ကိုယ်စီဖြင့်..။

"ကိုယ်တို့ကြိုတွေးထားသင့်တာ..။ ဒီကောင်တွေက ကိုယ်တို့အေးအေးလူလူနေရအောင် လွှတ်ထားပေးမယ့်ကောင်တွေမှမဟုတ်တာ"

ခပ်ဝေးဝေးမှာလှမ်းမြင်နေရသော ငြိမ်းသံလွင်ခက်နှင့်သွန်းစေဖြိုးတို့စုံတွဲကို စိတ်ကုန်စွာလှမ်းကြည့်ရင်း စွမ်းစေတမာန်ကပြော၏။

နှိုင်းအမြုတေကိုယ်တိုင်လည်း ဤအခြေအနေမျိုးကိုမမျှော်လင့်ထားသဖြင့် အံ့လည်းအံ့သြသွားရသလို စိတ်လည်းကုန်သွားရသည်။ သူ့အမြင်အရပြောရမည်ဆိုလျှင် ထိုအမှိုက်စုံတွဲဟာ အတော်အားယားနေသည်ဟုသာ။

"လောလောဆယ်တော့ လွှတ်ထားလိုက်။ သူတို့ဘာလုပ်လာမလဲဆိုတာ တစ်ချက်စောင့်ကြည့်တာပေါ့"

နှိုင်းအမြုတေက လျစ်လျူရှုခြင်းလမ်းစဥ်ကို အားပေးသည့်အခါ စွမ်းစေတမာန်ကလည်း သဘောတူသည်။ မည်သို့ပင်ဖြစ်စေ ဤနေရာတစ်ဝိုက်မှာ ဦးထွန်းရှိန်၏လူတချို့လည်းရှိနေသည်ဖြစ်ရာ ငြိမ်းသံလွင်ခက်တို့အနေနှင့် လက်လွတ်စပယ်ရန်မူလာနိုင်ချေမရှိ။

သို့သော် သတိကြီးကြီးထားဖို့တော့ လိုသေးသည်ဖြစ်ရာ ပေါ့ပေါ့ဆဆမနေမိဖို့လည်း နှိုင်းအမြုတေအား သတိပေးလိုက်သေးသည်။

သူတို့မှာ ဘာအကြံအစည်ရှိမှန်းမသိရသော်ငြား သေချာတာကတော့ ထိုအစီအစဥ်ဟာ နှိုင်းအမြုတေကိုချိန်ရွယ်နေမှန်း စွမ်းစေတမာန်သေချာလွန်းမကသေချာနေခဲ့သည်။

"သိပ်စိတ်ပူမနေပါနဲ့ စီနီယာရယ်..။ ဒီနှစ်ယောက်က ဟိတ်ဟန်များရုံပဲရှိတာ။ တကယ်အန္တရာယ်ပေးနိုင်တဲ့ကောင်တွေမှမဟုတ်တာ"

"မင်းလေးက အရူးလား။ ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား။ ကိုယ်က ဒီနှစ်ယောက်ကိုအာရုံထဲတောင်ထည့်မထားဘူး။ ဒါပေမဲ့ သူတို့နောက်ကွယ်မှာရှိနေတဲ့ကောင်က ဥာဏ်နီဥာဏ်နက်များပြီး ယုတ်မာရဲတဲ့ကောင်ဆိုတာ သိရဲ့သားနဲ့"

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now