Chapter-2

9.7K 911 10
                                    

Unicode Version

အတန်းထဲကိုပြန်ရောက်ချိန်မှာ သူ့ကို အထူးအဆန်းမျက်လုံးများဖြင့် ငေးကြည့်နေကြသောလူများကို လျစ်လျူရှု၍ ကိုယ့်နေရာမှာကိုယ် ဝင်ထိုင်လိုက်သည်။

သူ့ဘေးမှာထိုင်သည့် ထိုင်ခုံဖော်ကတော့ ဖုန်းကိုကြည့်လိုက်၊ အလန့်တကြားမျက်နှာပေးမျိုးဖြင့် သူ့ကိုလှည့်ကြည့်လိုက်လုပ်နေလေရာ မသိချင်ယောင်ဆောင်မရသည့်အဆုံး နှိုင်းအမြုတေလည်း တည့်တိုးသာထုတ်မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

မာနကြီးလွန်းသည့်နှိုင်းအမြုတေက စကားစပြောလာသည်နှင့်ကြုံရသောအခါ တစ်ဖက်လူသည် အံ့အားသင့်သွားမှုကို မထိန်းချုပ်လိုက်နိုင်ပေ။ သူ့ခမျာ လက်ထဲကဖုန်းကိုပင် အမှတ်တမဲ့ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ထား‌တော့သည်။

ခဏကြာမှသာ သူ့ပုံစံဟာ ရုပ်ပျက်ဆင်းပျက်နိုင်နေလိမ့်မည်မှန်း သတိထားမိသွားပြီး သူ့ကိုယ်သူအိန္ဒြေပြန်ဆည်ရှာသည်။

"အဲ့ဒါက..ကျောင်းရဲ့Groupထဲမှာတင်ထားတဲ့ဗီဒီယိုကြောင့်လေ"

တစ်ဖက်လူသည် နှိုင်းအမြုတေ၏ ဒေါသကို သွားဆွမိမည်စိုး၍ သူ့အရိပ်အခြည်ကို အဆက်မပြတ်အကဲခတ်နေသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး နှိုင်းအမြုတေကတော့ များများစားစားမတွေးမိချေ။ သူနှင့်ပတ်သက်သည့်ကိစ္စတစ်ခုခုဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

မူလပိုင်ရှင်က ထင်ပေါ်ကျော်ကြားတဲ့ကျောင်းအာဏာရှင်ဖြစ်နေမှတော့ သူလည်း ဘာများတတ်နိုင်ပါဦးမလဲ။

အာရုံစိုက်ခံရခြင်းကို လျှော့ချသင့်သလောက်လျှော့ချပြီး မတတ်သာဘဲ အာရုံစိုက်ခံရချိန်တွေအတွက်လည်း စိတ်ကို အဆင်သင့်ပြင်ထားဖို့သာ တတ်နိုင်တော့သည်။

"ငါ့ကိုပြကြည့်လေ"

ကမ်းပေးလာသောဖုန်းကို အသာလှမ်းယူလိုက်ရာ ဖုန်းမျက်နှာပြင်ထက်မှာပေါ်နေသော ပို့စ်ကို အဆင်သင့်တွေ့လိုက်ရသည်။ ဤပို့စ်ကိုတင်သောလူသည် တက္ကသိုလ်တစ်ခုလုံးရှိ မေဂျာပေါင်းစုံကကျောင်းသားများရှိသော Groupထဲတွင် အတင်းအဖျင်းဆန်ဆန်စာသားတချို့ပေါင်းထည့်ထားသည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now