Chapter-5

8.6K 906 42
                                    

Unicode Version

ကိစ္စတွေကို ရိုးရိုးရှင်းရှင်းဖြေရှင်းလိုက်ရမှာထက် အကွက်ရွှေ့ခြင်းကိုပိုကြိုက်သော နှိုင်းအမြုတေက လှည့်စားမှုတစ်ခုပြုလုပ်ခဲ့ပေသည်။

ဦးဇေယျာငြိမ်းအား ဖြစ်ကြောင်းကုန်စင်ကို တိုက်ရိုက်ဖွင့်ချလိုက်လျှင် သူ့ဘက်က မည်မျှနစ်နာခဲ့ပါကြောင်း တစ်ဖက်လူနားလည်ဖို့ခဲယဥ်းလိမ့်မည်။ ထို့ပြင် ဦးဇေယျာငြိမ်းက သူ့သား၏ဖောက်ပြန်မှုကို သိသွားလျှင်တောင် အနည်းငယ်မျှရိုက်နှက်ဆုံးမ၍ အဆုံးမှာ ကိစ္စများကို အဖတ်ဆည်ဖို့ကြိုးစားသည့်အနေနှင့် နှိုင်းအမြုတေကို တောင်းပန်ခိုင်းရုံမျှနှင့်သာ အဆုံးသတ်သွားနိုင်သည်။

နှိုင်းအမြုတေကတော့ ငြိမ်းသံလွင်ခက်ကို ထိုထက်ပိုသည့်စိတ်ဒုက္ခကို ပေးချင်သည်။ သို့ဖြစ်ရာ ငြိမ်းသံလွင်ခက်၏ဖောက်ပြန်မှုကို သူ့ပါးစပ်ကထုတ်ပြောသည်ထက်စာလျှင် ဦးဇေယျာငြိမ်းအား ကိုယ်တိုင်မြင်တွေ့ခွင့်ပေးလိုက်ခြင်းက ပိုသာပေလိမ့်မည်။

ထို့အတွက် သူလုပ်ရမည့်ကိစ္စကတော့ ငြိမ်းသံလွင်ခက်၏ဖောက်ပြန်မှုကို မရိပ်မိသေးချင်ယောင်ဆောင်၍ သနားချင့်စဖွယ်ကောင်းသောပုံရိပ်လေးကို ထိန်းသိမ်းရန်ပင်။

"နှိုင်းလေး ဒီကြားထဲမတွေ့ဖြစ်တာတောင် ကြာပေါ့။ အားလုံးအဆင်ပြေတယ်မို့လား"

လှိုက်လှဲဖော်ရွေစွာ စကားစလာသော ဦးဇေယျာငြိမ်း၏တည်ငြိမ်သော စကားများနှင့်ယှဥ်ကြည့်လျှင် သူ့မျက်ဝန်းအစုံက ပူပင်သောကတို့ ဖုံးလွှမ်းနေလျက်သား...။

"ဦးလေးက ဘာကိုမေးချင်တာလဲ။ ကျောင်းတက်ရတဲ့အခြေအနေကို မေးချင်တာဆိုရင်တော့ အင်း... အဆင်ပြေပါတယ်"

သုံးရက်မျှအိပ်ရေးပျက်ထားသည့် နှိုင်းအမြုတေ၏မျက်နှာထက်မှာ နွမ်းလျနေဟန်တို့က အထင်းသား။ ထို့ကြောင့် နှိုင်းအမြုတေပုံဖော်ချင်သော သနားချင့်စဖွယ်ပုံရိပ်လေးကလည်း သဘာဝကျစွာပီပြင်နေသည်။

"အာ.. နှိုင်းလေးကိုကြည့်ရတာ သိပ်ပြီးအားမရဘူး။ ဒီရက်ပိုင်း စိတ်ဖိစီးစရာတွေများရှိနေလား"

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now