Chapter-33

4.5K 501 14
                                    

Unicode Version

အခန်းတစ်ခုလုံးကိုပတ်လျှောက်ရင်း အနေအထားကိုစူးစမ်းနေသောပိုင်စိုးမိုးသူမှာ ငြိမ်းသံလွင်ခက်ထံမှပိတ်တားခြင်းခံလိုက်ရသည့်အတွက် ခြေလှမ်းတို့ရှေ့မဆက်နိုင်လိုက်။

"ဘာလဲ"

"အဲ့ဒါ မင်းကိုမေးရမှာ။ မင်း ဘာလုပ်နေတာလဲ။ ရုတ်တရက်ကြီးပြောစရာရှိတယ်ဆိုပြီး သူများအိမ်သူများအခန်းထဲထိရောက်လာပြီး ဘာမှလည်းမပြောဘဲ အခန်းထဲပတ်သွားနေတာ မင်းလေ"

ပိုင်နက်ကျူးကျော်ခံနေရသည့် ငြိမ်းသံလွင်ခက်က စိတ်မရှည်စွာပြန်ပက်လေရာ အကျောခံလေ့မရှိသောပိုင်စိုးမိုးသူကလည်း အပြုံးတုတစ်ခုဖြင့် ခွန်းတုံ့ပြန်၏။

"ဒီမှာ... မင်းကိုကြည့်ရတာ လက်ရှိအနေအထားကဘယ်လိုဆိုတာကို သတိမထားမိသေးပုံပဲ။ မင်းသတိရအောင်ပြန်ပြောရမယ်ဆိုရင် နှိုင်းအမြုတေရဲ့အဖေပညာပြလို့ ယိုင်နဲ့နဲ့ဖြစ်သွားတဲ့မင်းအဖေရဲ့စီးပွါးရေးကို ငါကအဖတ်ဆည်ပေးထားရတာနော်။ ငါ့ကိုကျေးဇူးရှင်လိုဆက်ဆံဖို့အထိ မမျှော်လင့်ဘူး။ လေသံလေးတော့လျှော့.. ကောင်းပြီလား"

သူပြောသမျှမှာ အမှားမပါသည့်အတွက် ငြိမ်းသံလွင်ခက်ခမျာ ပြန်မပြောသာ။ အံကိုကြိတ်၍ စိတ်ကိုလျှော့ကာ သည်းခံလိုက်ရသည်။ စိတ်ထဲမှာတော့ သိပ်မကျေနပ်လှ။

ပိုင်စိုးမိုးသူကတော့ ငြိမ်းသံလွင်ခက်၏ထိုပုံစံကိုကြည့်ရင်း အောင်နိုင်သူတစ်ယောက်နှယ် ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။ ထို့နောက် ပိတ်ရပ်နေသော ငြိမ်းသံလွင်ခက်၏ပခုံးကို တွန်းတိုက်ပြီး ရှေ့ကိုဆက်သွားလိုက်သည်။

"မင်းအခန်းကလည်း သာမန်ပါပဲ"

တကယ်တမ်းမှာ ပိုင်စိုးမိုးသူပြောသလောက် သာမန်မဆန်ပေ။ အခန်းထဲမှာရှိရှိသမျှပစ္စည်းတိုင်းနှင့် အဆောင်အယောင်တိုင်းဟာ ပကာသနဖက်သောအရာများသာဖြစ်၏။ မြင်လိုက်သည်နှင့် နာမည်ကြီးဘရန်းမှန်းသိသာစေသောအရာများ၊ သာမန်လူတွေမတတ်နိုင်လောက်သော ဇိမ်ခံပစ္စည်းများနှင့် ဟိတ်ကြီးဟန်ကျယ်နိုင်သောအသုံးအဆောင်များနှင့် ပြည့်နှက်နေသည်သာ။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now