Chapter-11

7.2K 823 33
                                    

Unicode Version

အသံတစ်သံမှပင်မထွက်ဘဲ တိတ်ဆိတ်လွန်းနေသည့်စာကြည့်တိုက်ထဲမှာအတူထိုင်နေကြရင်း သွန်းစေဖြိုးသည် ငြိမ်းသံလွင်ခက်ကိုစကားပြောခွင့်ရမည့်အချိန်ကိုက်ကို ရှာဖွေနေသည်။

ငြိမ်းသံလွင်ခက်ကတော့ သွန်းစေဖြိုး၏ဂနာမငြိမ်မှုကိုမသိပေ။ စာအုပ်ထဲ၌သာ အာရုံဝင်စားနေသည်။

"ကိုကို"

နံဘေးမှ တိုးဖွဖွခေါ်သံလေးကြောင့် စာအုပ်ထဲကိုအာရုံရောက်နေသော ငြိမ်းသံလွင်ခက်က စာအုပ်ကိုအောက်ချလိုက်ရင်း သွန်းစေဖြိုးကိုလှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"ကိုကို့ကိုမေးစရာရှိလို့"

"အင်း။ မေးလေ ဘာမေးမှာလဲ"

ငြိမ်းသံလွင်ခက်က သွန်းစေဖြိုးကို ချစ်စနိုးဖြင့် ပါးကိုလိမ်ဆွဲလိုက်သေးရာ သွန်းစေဖြိုးမှာ မနေနိုင်ဘဲပြုံးမိသွားပါသော်လည်း ထိုမေးခွန်းကိုတော့ မမေးဘဲမနေနိုင်ချေ။

"တနင်္ဂနွေနေ့ ကိုကိုအားလားဟင်"

ငြိမ်းသံလွင်ခက်က စဥ်းစားဟန်ပြုရင်း တွေးဆဆဖြင့်စကားပြန်လေ၏။

"တနင်္ဂနွေနေ့လား။ ဘေဘီဘယ်သွားချင်လို့လဲ။ ကိုယ်ကတော့အားပါတယ်"

"ညဘက်ဆိုရင်ရော"

လိုချင်သောသတင်းအချက်အလက်ကိုရဖို့ သွန်းစေဖြိုးဟာ သူ၏စကားလမ်းကြောင်းကို တဖြည်းဖြည်းပြောင်းလဲ၍ဆွဲခေါ်နေရသည်။

"Night Outထွက်ချင်လို့လား။ တနင်္ဂနွေနေ့ကြီးလေ..စနေနေ့သွားကြရင်ရော"

ငြိမ်းသံလွင်ခက်ဘက်က သဘောမတူဘဲညှိနှိုင်းလာသည့်ကိစ္စမျိုးဟာ ရှားပါးလှသည်ဟုဆိုနိုင်သဖြင့် သွန်းစေဖြိုး၏မျက်နှာမှာ ကွက်ခနဲပျက်သည်။

"စနေကကျွန်တော်မအားလို့"

"ကိုယ်ကလည်း တနင်္ဂနွေမှာမအားဘူးဖြစ်နေတာ"

သွန်းစေဖြိုးမှာ မျက်နှာငယ်လေးဖြင့် ဘာမှပြန်မပြောသော်လည်း ထိုအကြောင်းအရာအတွက် အကြောင်းပြချက်ခိုင်ခိုင်လုံလုံလိုချင်နေပုံဖြင့် ငေးကြည့်နေသည်ကိုမြင်သော် ငြိမ်းသံလွင်ခက်လည်း ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် အနည်းငယ်မျှရှင်းပြလိုက်ရသည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now