Characterရှင်းတမ်း

4.4K 450 20
                                    

စောစောစီးစီး စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုတွေ့လာလို့ ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ကိုယ်ရောက်လာတာပါ။ စိတ်မဝင်စားတဲ့လူကတော့ ကျော်သွားနိုင်ပါတယ်။

ဘာနေရာမှာ ပြဿနာတက်နေလဲဆိုရင် နှိုင်းအမြုတေရဲ့စရိုက်နဲ့ခံယူချက်မှာပါ။ "သူက စနိုက်ကြော်နဲ့ဆန်ကုန်မြေလေးရှေ့မှာဆိုရင် ထက်မြက်သလိုလိုနဲ့ စွမ်းစေတမာန်ရှေ့ကျတော့ အူကြောင်ကြားဖြစ်နေတာပဲ"တဲ့..

စာရေးသူတိုင်းမှာ အထိမခံနိုင်တဲ့အချက်တစ်ခုစီရှိပါတယ်။ တချို့က updateလို့ကောမန့်မှာမန့်သွားကြတာကိုမကြိုက်ဘူး။ emojiတွေမန့်တာကိုမကြိုက်ဘူး.. အမျိုးမျိုးပေါ့။ ကိုယ်ကတော့ မတူပါဘူး။ upလို့မန့်တာဖြစ်ဖြစ် updateလို့မန့်တာဖြစ်ဖြစ် emojiတွေတစ်ပြုံကြီးမန့်ခဲ့တာဖြစ်ဖြစ် ပြဿနာမရှိဘူး။ ကိုယ်အားတဲ့အချိန်နဲ့ကြုံရင် အဲ့ဒီမန့်တွေကို Replyတောင် ပြန်ဖြစ်ပါသေးတယ်။

ကိုယ်မကြိုက်တာက အစအဆုံးမဖတ်ရသေးဘဲ ကိုယ့်ရဲ့ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ခံယူချက်ကို ခနဲ့သလိုလိုပြောတာကိုပါပဲ။ အဲ့ဒါနဲ့ပတ်သက်လာရင် ကိုယ် အရမ်းစိတ်ဆတ်ပါတယ်။ ဒါကြောင့်လဲ အခုလိုဖြေရှင်းချက်ပေးဖို့ရောက်လာတာပါ။

ပထမဆုံးအနေနဲ့ နှိုင်းအမြုတေက ငြိမ်းသံလွင်ခက်တို့ရှေ့ကျတော့ ထက်မြက်ပြပြီး စွမ်းစေတမာန်ရှေ့မှာတော့ ကြောက်ရွံ့နေရတဲ့အချက်ကို ရှင်းပြပါ့မယ်။

နှိုင်းအမြုတေကြောက်တဲ့အရာနှစ်ခုရှိတယ်ဆိုတာကို ရှေ့အပိုင်းတွေမှာ သိသိသာသာတစ်မျိုး မသိမသာတစ်မျိုးဖော်ပြခဲ့ပါတယ်။ နှိုင်းအမြုတေက သူ့ဘဝလေးမအေးမချမ်းဖြစ်မှာနဲ့ သွေးအေးရက်စက်ပုံပေါ်တဲ့လူတွေကို ကြောက်ပါတယ်။ ကြောက်ရတဲ့အကြောင်းအရင်းလဲ ခိုင်ခိုင်လုံလုံရှိပါတယ်။ နောက်ပိုင်းတွေမှာပါပါလိမ့်မယ်။

ပြီးတော့ သူ့ရဲ့စိတ်နေစိတ်ထားက ကိုယ်ကျင့်တရားဖောက်ဖျက်တဲ့လူတွေကို မုန်းပါတယ်။ ဒါကြောင့် ငြိမ်းသံလွင်ခက်တို့ကို ပညာပေးတဲ့နေရာမှာ သူက နည်းနည်းမှလက်မတွန့်တာပါ။ သို့ပေသိ ရှေ့အပိုင်းမှာ ကိုယ်ရေးခဲ့တဲ့အပိုင်းလေးတစ်ခုလဲရှိပါတယ်။ နှိုင်းအမြုတေက သူ့ရှေ့မှာ မတရားတာတစ်ခုတွေ့ရင် ဝင်ပါတတ်ပါတယ်။ ဒါပေမဲ့ ကိစ္စတိုင်းမှာ ဝင်ပါတာမျိုးလဲမဟုတ်ပြန်ဘူး။ ဘာကြောင့်လဲဆိုရင် သူ့ဘဝလေးမအေးမချမ်းဖြစ်မှာကြောက်တယ်ဆိုတဲ့အချက်နဲ့ သွားငြိနေလို့ပါ။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now