Chapter-8

7.8K 859 13
                                    

Unicode Version

"ကိုယ် မင်းနဲ့သီးသန့်စကားပြောလို့ရမလား"

ဒေါသူပုန်ထနေသောငြိမ်းသံလွင်ခက်နှင့် ပွစိပွစိနိုင်သောဝဠာဟိန်းပိုင်တို့ကို မောင်းထုတ်လိုက်ပြီးနောက် စွမ်းစေတမာန်က နှိုင်းအမြုတေအား တည်ကြည်စွာစိုက်ကြည့်ရင်း စကားဆိုလာသည်။

နှိုင်းအမြုတေကတော့ ဤအခြေအနေမျိုးကိုခန့်မှန်းထားပြီးဖြစ်သည့်အတွက် အထူးတလည်ခံစားမနေတော့ချေ။ ခေါင်းတစ်ချက်ညိတ်လျက်သာ လက်ခံလိုက်သည်။

"ရပါတယ် စီနီယာ"

နှစ်ယောက်သားဟာ စကားပြောဖို့အတွက် အဆောင်၏ဘေးဘက်ရှိခုံတန်းရှည်မှာသာ နေရာယူလိုက်ကြသည်။

နေ့လယ်ခင်းအားလပ်ချိန်မှာ ကျောင်းသားတော်တော်များများက အဆောင်ဘက်ကိုရောက်မလာတတ်ကြ၍ ဤနေရာလေးဟာ တစ်သီးတစ်သန့်ဆန်နေပေသည်။ ဆိတ်ငြိမ်သောနေရာလေးမှာ နှစ်ဦးသားစကားမပြောဘဲ ထိုင်နေကြသည့်အတွက် လေထုကလည်း အတန်ငယ်တိတ်ဆိတ်နေ၏။

လေထုကို စတင်ဖြိုခွဲသူကတော့ နှိုင်းအမြုတေပင်။

"စီနီယာ..."

"ဟင်"

"ပြောစရာရှိတယ်မလား"

"အင်း.. ဘယ်ကစပြောသင့်လဲဆိုတာစဥ်းစားနေတာ"

အမှန်တကယ်လည်း စွမ်းစေတမာန် ဘယ်ကစပြောရလေမလဲဆိုသည်ကို စဥ်းစား၍မရ။ အခြားအကြောင်းအရာများနှင့် စကားဦးသမ်းလျှင် ပိုထူးဆန်းသွားမည်စိုး၍ သူငယ်ချင်းလုပ်ကြရအောင်ဟုသာ စတင်ကမ်းလှမ်းလိုက်မိတော့သည်။

နှိုင်းအမြုတေကတော့ ရုတ်တရက်ဆန်လွန်းသောထိုကမ်းလှမ်းချက်ကြောင့် မယုံကြည်နိုင်လောက်အောင်ပင်။ မယုံကြည်နိုင်လွန်း၍ စွမ်းစေတမာန်ကပါ သူ့လိုလူစားလဲခံလိုက်ရသလားဟု တွေးမိသည်အထိပင်။

"သူငယ်ချင်းလို့ပြောဖို့ ထူးဆန်းနေမယ်ဆိုရင်လဲ ဒီတိုင်းရင်းနှီးတဲ့ စီနီယာဂျူနီယာဆက်ဆံရေးဆိုရင်ရော..။ ဒီကိစ္စတအားရုတ်တရက်ဆန်သွားမယ်ဆိုတာ သိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်က ကိုယ်တို့ရဲ့ပတ်သက်မှုက အင်း.. နည်းနည်းတော့တင်းမာစရာလေးတွေရှိခဲ့ပေမဲ့ အဲ့ဒါကလဲ ဘေးပယောဂတွေပါခဲ့တာဆိုတော့ တကယ်တမ်းတွေးကြည့်ရင် ကိုယ်တို့အချင်းချင်းပြဿနာမရှိခဲ့ဘူးလို့လဲ သတ်မှတ်လို့ရတယ်မလား"

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now