Chapter-14

6.9K 768 16
                                    

Unicode Version

ယနေ့ရာသီဥတုကား မသာယာသော်လည်း အုံ့မှိုင်းမှိုင်းနှင့် တစ်မျိုးတစ်ဖုံသက်တောင့်သက်သာရှိလှသည်။ စာသင်ခန်းတိုင်းဆီမှ ဆူညံသံများနှင့် လူငယ်တို့၏တက်ကြွသောပုံရိပ်တို့ကိုတော့ မသာယာသောရာသီဥတုက လွှမ်းမိုးနိုင်ခြင်းမရှိချေ။

ရေခဲပြင်ဟော်ကီကလပ်၏ လေ့ကျင့်ရေးခန်းမထဲမှာလည်း လေ့ကျင့်ရေးဆင်းသူများနှင့် သင်တန်းသားအသစ်များက ကိုယ်စီအလုပ်ရှုပ်လျက် ရှိနေကြသည်။

"စေတမာန်.. မင်းရဲ့ဂျူနီယာလေးက လာရှာနေတယ်"

ကလပ်၏ခေါင်းဆောင်က မတိုးမကျယ်အသံအနေအထားဖြင့် လှမ်းအော်လေရာ ကွင်းထဲမှာ တစ်ဦးချင်းယှဥ်ကစားနေသော စွမ်းစေတမာန်နှင့် အဖွဲ့ဝင်တစ်ယောက်တို့က ကစားနေခြင်းကိုရပ်လိုက်ကြပြီး ဟော်ကီစကိတ်ကို ကျင်လည်စွာစီးရင်း ပွဲကြည့်စင်ဘက်ကို ပြန်ကူးလာကြသည်။

စွမ်းစေတမာန်မှာ ခုံတစ်လုံးအပေါ်မှာထိုင်ချလိုက်ရင်း ဟော်ကီကစားကြတိုင်း အကာအကွယ်အဖြစ်ဝတ်ဆင်ရသော ​ဟော်ကီလက်အိတ်၊ ပခုံးအကာ၊ ဒူးအကာနှင့် Helmetတို့ကို ချွတ်သည်။ ပစ္စည်းပစ္စယမှန်သမျှကို သူ၏ကိုယ်ပိုင်အိတ်ထဲကို ထည့်ပြီးနောက် ကလပ်ခေါင်းဆောင်ရှိရာဘက်ကို လှည့်လိုက်သည်။

မတိုင်မီက သူတို့ခေါင်းဆောင်ပြောလိုက်သောစကားကို သူ ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။

"ခေါင်းဆောင် ဘယ်သူလာရှာတယ်လို့ပြောလိုက်တာလဲ"

"မင်းရဲ့ဂျူနီယာလေးလေ.."

ပြုံးဖြဲဖြဲနှင့်ဆိုလာသော ကလပ်ခေါင်းဆောင်၏ပုံစံအရ ဤလူသည်လည်း အခြားကျောင်းသားများ ဆွေးနွေးနေကြသော နှိုင်းအမြုတေနှင့်သူ့အကြားရှိ ဇဝေဇဝါဆက်ဆံရေးအကြောင်းကို စိတ်ဝင်စားဟန်ရှိကြောင်း သူသိလိုက်ရသည်။

"အာ.. သူက အခုအပြင်မှာလား"

"ဟုတ်တယ်။ အဲ.. ငါ့ကိုအဲ့လိုကြီးလာမကြည့်နဲ့။ ငါက အထဲကိုလာဖို့ပြောပါတယ်နော်။ သူက အပြင်ကပဲစောင့်ပါတော့မယ်တဲ့"

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now