Chapter-23

5.4K 599 48
                                    

Unicode Version

"မနေ့က မင်းပြောလို့ ငါလည်း ပျာယာပျာယာနဲ့သွားစောင့်နေတာပဲလေ။ ဒါပေမဲ့ ဘာရလို့လဲ။ ငါပဲအရှက်ခွဲခံလိုက်ရတာ။ အဲ့ကောင်ကို ငါကျေကိုမကျေနပ်ဘူး"

ငြိမ်းသံလွင်ခက်၏ပေါက်ကွဲသံစဥ်ကို ဖုန်းထဲမှတစ်ဆင့်နားထောင်နေရသော ပိုင်စိုးမိုးသူကတော့ တစ်ဖက်လူ၏အရှက်ကွဲခြင်းမကွဲခြင်းကို စိတ်မဝင်စားချေ။

"ငါသိပြီ"

"ဘာသိတာလဲ။ နေပါဦး။ ဘာတွေဖြစ်နေတာလဲဆိုတာပြောစမ်းပါ"

"ငါ့အထင်တော့ စွမ်းစေတမာန် ငါ့အကြောင်းကိုသိသွားပြီ။ ငါဘယ်သူလဲဆိုတာကအစ.. မနေ့ကပဲ ငါ့အကြောင်းကို တစ်ယောက်ယောက်လိုက်စုံစမ်းနေတယ်ဆိုပြီး သတင်းရတယ်"

ငြိမ်းသံလွင်ခက်ကတော့ အခြေအနေကိုနားမလည်လှပေ။

"နေပါဦး.. မင်းရဲ့နောက်ကြောင်း..."

"အဲ့ဒါတွေမပြောနဲ့။ မင်းတာဝန်က သူတို့နှစ်ယောက်ကိုဆက်ပြီးစောင့်ကြည့်ထား။ ထူးခြားတာရှိရင် ငါ့ကိုတစ်ခုမကျန်ပြန်ပြောပြ"

အလျင်စလိုနိုင်သောစကားတို့ဟာ မာမာထန်ထန်ဖြင့် အမိန့်ဆန်နေလေရာ အောက်ကျနောက်ကျမခံနိုင်သော ငြိမ်းသံလွင်ခက်ကလည်း ငြိမ်မခံပေ။

"ငါ့ကို သောက်ကျိုးနည်းအမိန့်ပေးမနေနဲ့"

ပိုင်စိုးမိုးသူကလည်း စရိုက်တူအချင်းချင်းမို့ ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ မကျေမနပ်နှာမှုတ်ပြီး ဖုန်းချသွားသည်။ အကျောခံလိုက်ရသော ငြိမ်းသံလွင်ခက်မှာသာ တနုံ့နုံ့ဒေါသထွက်၍ ကျန်ရစ်နေခဲ့ရသည်။

ဒေါသထွက်၍မဆုံးသေး။ မလှမ်းမကမ်းဆီမှ သူ့အနားကိုအပြေးလာနေသော သွန်းစေဖြိုးကိုမြင်လိုက်ရသဖြင့် သူ့မှာ ကပျာကယာဖြစ်သွားရသည်။

"ကိုကို ငါနဲ့ခဏလောက်စကားပြောရအောင်"

ငြိမ်းသံလွင်ခက်မှာ ထိုစကားကိုမတုံ့ပြန်အားဘဲ သွန်းစေဖြိုး၏လက်ကိုဆွဲကာ ကျီးကြည့်ကြောင်ကြည့်ဖြင့် ထိုနေရာမှထွက်လာခဲ့ရသည်။ ထို့နောက် စာသင်ခန်းအလွတ်တစ်ခုထဲသို့ ဝင်ကာ အနားမှာ ဘယ်သူမှမရှိတာသေချာအောင် လုပ်သည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now