အပိုင်း ( ၁ ) unicode

2K 92 18
                                    

စင်္ကြန်လမ်းတစ်လျှောက်လူသူကင်းမဲ့ကာတိတ်ဆိတ်နေ၏။ အချိန်ကား ညသန်းခေါင်ယံအချိန်စွန်းစွန်းပင် ဖြစ် သည်။တစ်ချက်တစ်ချက်လေကြောင်းအဝှေ့မှာ ကလေးဆောင်ဖက်မှကလေးများငိုသံသဲ့သဲ့ကိုကြားရ၏။ ရှောင်ကျန့်၏ ခြေလှမ်းများသည် သားဖွားမီးယပ်ဆောင်ကိုဖြတ်ကျော်ကာ သေဆုံးသူများထားရာ ရေခဲတိုက်သို့ ဦးတည်နေခြင်းဖြစ်သည်။

အမှန်ဆိုလျှင်ရှောင်ကျန့်သည် အရိုးအကျောအထူးကုဆရာ၀န်တစ်ယောက်ဖြစ်သည်။ အမျိုးသမီးသားဖွားမီးယပ် ဆောင်သည်သူနှင့်မသက်ဆိုင်သလို၊ လူနာသတင်းမေးလာရအောင်လည်း အချိန်ကောင်းမဟုတ်ပေ။ သို့သော် သူနားမခံနိုင် လောက်သည်အထိ ငိုကြွေးကာ အကူအညီတောင်းခံရခြင်းကြောင့်ဖြစ်သည်။

"ဒေါက် ..ဒေါက် "

ရေခဲတိုက်မှတာ၀န်ကျ၀န်ထမ်း မှောက်အိပ်နေသည့်စားပွဲကို ရှောင်ကျန့်လက်နှင့်ခေါက်ကာ နှိုးလိုက်သည်။

"ဒေါက်..ဒေါက်တာ ရှောင်း..ဒီအချိန်ကြီး..။"

"အင်း..မနက်က accident ဖြစ်ပြီးဆုံးသွားတဲ့ ကိုယ်၀န်နဲ့အမျိုးသမီးအလောင်းဘယ်မှာလဲ။"

အိပ်ချင်မူးတူးဖြစ်နေသည့် တာ၀န်ကျ၀န်ထမ်းကိုရှောင်ကျန့်မေးလိုက်သည်။ သူသည် သည်ဆေးရုံ၌အတော်လူသိ များသည်ဟု ပြောရမည်။ သူ့ကို အရိုးအကျောအထူးကုဒေါက်တာရှောင်းရှောင်ကျန့် ဆိုသည်ထက် အရူးဆရာ၀န်ဟု လူသိများ ခြင်းဖြစ်သည်။

"ဟုတ်..ဟုတ်ကဲ့။ ကျွန်တော်လိုက်ပြပါ့မယ်။"

ရှောင်ကျန့် ခေါင်းတစ်ချက်ငြိမ့်ပြကာ တာ၀န်ကျ၀န်ထမ်းခေါ်ဆောင်ရာနောက်မှလိုက်သွားလိုက်၏။ အခန်းတစ်ခုထဲ သို့ ၀င်လိုက်ပြီး လူသေများထားရာအံဆွဲတစ်ခုကိုဖွင့်ပြလာသည်။ ရှောင်ကျန့် အခန်းထောင့်တွင်ရှိသည့် စတီးရောင် ပြောင်လက်နေသည့်စားပွဲကြီးကို ‌မေးဆတ်ပြလိုက်သည်။

မိနစ်အနည်းငယ်အကြာမှာ ရေခဲတိုက်တာ၀န်ကျ၀န်ထမ်း၏အကူအညီဖြင့် ကားတိုက်သေဆုံးသွားသည့် အမျိုးသမီးကိုယ်၀န်သည်အလောင်းကို ခွဲစိတ်ရန်အသင့်အနေအထား ပြင်ဆင်ပြီးသွားပြီဖြစ်သည်။

The Edge of Shored (Completed)Where stories live. Discover now