အပိုင်း (၂၉ ) zawgyi

250 10 0
                                    

"ခုတော့ မင်းစိတ်ကိုမင်း ၀န်ခံလိုက်ပြီ‌‌ပေါ့.. ၀မ်ရိပေါ်..။ ဘယ်လိုလဲ ယောင်္ကျားတစ်ယောက်ကို ချစ်မိသွားတဲ့ခံစားချက်..။"

"အဲ့လိုပဲပြောရမှာပေါ့။ ခံစားချက်က ထွေထွေထူးထူးပြောင်းလဲစရာမှမရှိတာ။ မိန်းမတစ်ယောက်ကို ချစ်မိရင်လည်း ဒီခံစားချက်ပဲလေ။ ချစ်တာက ချစ်တာပဲပေါ့။ တစ်ကယ်မချစ်ရင်တော့ တစ်မျိုးဖြစ်ရင်ဖြစ်နိုင်တာပဲလေ..။"

ဝမ်ရိပေါ် မေးလာသည့် လျိုကောကိုနှုတ်ခမ်းလေးတွန့်သွားရုံတစ်ချက်ပြုံးလိုက်ပြီး ဖြေလိုက်သည်။ ခုသူနှင့် လျိုကော သွားနေကျ Crystal Bar တွင် ထိုင်နေခြင်းဖြစ်သည်။အကြောင်းမှာ ရှောင်ကျန့်မှ သည်ဘားမှာဆုံဖို့ ပြောထားသော ကြောင့်ဖြစ်သည်။ ရှောင်ကျန့်က လင်းဝေကောနှင့်အတူ ဆေးရုံအုပ်ကြီးနှင့်တွေ့ပြီးလိုက်လာမည်ဟုပြောသည်။

သူဘားကိုရောက်တော့ လျိုကောနှင့်ဆုံခြင်းဖြစ်သည်။ သူ့ကိုလည်း ရှောင်ကျန့်တို့ခေါ်ထားခြင်းကြောင့်ဟုဆိုသည်။ မိတ်ဆွေအချင်းချင်းပြန်လည်သင့်မြတ်ရေးပွဲဟု ၀မ်ရိပေါ်နားလည်လိုက်သည်။ စေ့စပ်ပေးမယ့်သူများက နောက်ကျနေ သည်မို့ သူတို့နှစ်ယောက်စကားပြောဖြစ်သွားခြင်းဖြစ်သည်။

ဝမ်ရိပေါ် ရှောင်ကျန့်အပေါ်ထားသည့်စိတ်ကိုသိဖို့ လန်ဟွားက မီးမွှေးပေးသူဆိုလျှင် လျိုကောကလည်း လောင်စာ ဆီထပ်ဖြည့်ပေးသူတစ်ယောက်ဖြစ်သည်။

"Right ! လိုချင်တာအဲ့ဒါပဲလေ။ တစ်ကယ်ချစ်လာရင် ဖုံးဖိထားလို့မရဘူးဆိုတာ မင်းယုံပြီမလား။ မင်းက မဟုတ်ဘူး ပြောနေပေမယ့် ငါက မြင်နေတယ်..။"

"ဒီတစ်ခုတော့ ခင်ဗျားမှန်တယ်။ ကျွန်တော်ဝန်ခံတယ်။ ဒါဆိုခင်ဗျားက ကျွန်တော့်ကို တမင်မီးရှို့တာလား။ ရှောင်ကျန့်ကို တစ်ကယ်မကြိုက်ပဲနဲ့...။"

ရှောင်ကျန့်ကိစ္စနှင့် သူတို့ရန်ပွဲလေးဖြစ်သွားရခြင်းဖြစ်သည်။ လျိုကောဖက်မှပါသည့် သူငယ်ချင်းတစ်ယောက် ကြောင့် ရှောင်ကျန့် ဒဏ်ရာရသွားသည်အထိပင်။ ထိုကိစ္စကို ရှောင်ကျန့်ဆေးရံတတ်စဉ် လျိုကောမှ သေချာလာ တောင်းပန် သည်ကိုလည်း ၀မ်ရိပေါ်သိပြီးဖြစ်သည်။

The Edge of Shored (Completed)Where stories live. Discover now