အပိုင်း (၂၁) zawgyi

316 12 2
                                    

"ဒေါက်...။"

ဝမ်ရိပေါ်လက်ထဲမှ ကိုင်ထားသည့် စက္ကဗူးအဖုံးလွတ်ကျသွားတာဖြစ်၏။ သူမြင်နေရသည့် ဗူးလေးထဲမှ ပုံလေး ကြောင့်ဖြစ်သည်။ ဖိုးဖိုးတစ်ခါတစ်လေ တမ်းတမ်းတတပြောဖူးသည့် မြေးလေးက ဖိုးညီလေးနဲ့ သိပ်တူတာပဲဆိုသည့် စကားကို ၀မ်ရိပေါ်အမှတ်ရသွားမိသည်။ သူက သူလို့ထင်ရလောက်သည်အထိတူရအောင် ၀မ်ရိပေါ်တို့သည်အမွှာမဟုတ်။

သူအကြောင်းကထားပါတော့။ ရှောင်ကျန့်ကကော ဘာလို့ သည်ဓာတ်ပုံထဲမှာ အတူတူရှိနေရသနည်း။ ပုံလေးပေါ်မှ ရက်စွဲသည် လွန်ခဲ့သောနှစ်၅၀ ကိုညွှန်ပြနေ၏။ ၀မ်ရိပေါ် သူ့ခေါင်း ချာချာလည်သွားသလိုပင်။ ဗူးလေးထဲမှ ဟောင်းနွမ်း လွန်း၍ ၀ါကျင်ကျင်ဖြစ်နေသည့် စာအုပ်ဖြူလေးသည် သူ့ကိုဆွဲဆောင်နေသလိုပင်။ ထုတ်ယူ၍ ဘာရယ်မဟုတ် ရင်ခွင်၌ တယုတယပိုက်ထားမိသည်။

ပျောက်ဆုံး နေသည့်အဖိုးတန်ပစ္စည်းကို ပြန်တွေ့လိုက်ရသကဲ့သို့ ၀မ်ရိပေါ် လှိုက်လှိုက်လှဲလှဲ ခံစားရသည်။ စာရွက်ဖြူလေးများသည် အ၀ါရောင်ဖက်သို့ပြောင်းလုနီးပါးပင်။ ခပ်ကြမ်းကြမ်းကိုင်မိလျှင်ပျက်စီးသွားမှာစိုးသည့်အလား ငြင်သာစွာဖြင့် စာအုပ်အဖုံးလေးကိုလှန်လိုက်၏။ပထမဆုံးမြင်လိုက်ရသည့် စာမျက်နှာ၌ပင် ၀မ်ရိပေါ် အသက်ရူ ရပ်သွားခဲ့ သည်။ အမှန်က အသက်ရူဖို့‌မေ့လျော့သွားတာဖြစ်သည်။

စာအုပ်လေးကိုဖတ်ရင်းအမြင်အာရုံထဲ ကြည့်ဖူးသည့်ရုပ်ရှင်ကားတစ်ခုကို ပြန်ပြီးမြင်ယောင်နေသကဲ့သို့ခံစားရ၏။ သူနှလုံးသားတစ်ခုလုံးကို အလုံပိတ်အိတ်ထဲထည့်ပိတ်ခံလိုက်ရသလိုမွန်းကြပ် နာကျင်လာမိသည်။ ခွင့်ပြုချက်မတောင်းပဲ ကျဆင်းလာသည့်မျက်ရည်ပူများသည် ၀ါကျင်ကျင်စာရွက်လေးများကို စွန်းထင်းကုန်၏။

လွမ်းဆွေးစရာဇာတ်လမ်းတစ်ပုဒ်ဖတ်ရသကဲ့သို့ ၀မ်ရိပေါ် ရင်ထဲ ဆို့နင့်တင်းကြပ်လာ၏။ သူ့နှလုံးသားကို ချွန်ထက်သည့်လက်နက်များ စိုက်ဝင်နေသကဲ့သို့ပင်။ နာကျင်ခြင်း၏အဆုံး၌ ၀မ်ရိပေါ် စိတ်ကိုလွတ်ချလိုက်၏။ သူ့ကမ္ဘာကြီး တစ်ပတ်လည်သွားလေသည်။

The Edge of Shored (Completed)Where stories live. Discover now