အပိုင်း ( ၈ )unicode

593 70 2
                                    

"ဖိုး... ပေါ်ပေါ်မရှိလို့ ပျင်းနေပြီလား..။ ရွှတ် "

ခြံထဲအရိပ်ကောင်းသည့်နေရာ၌ အေးအေးလူလူစာဖတ်နေသည့်ဖိုးဖိုးဆီ ၀မ်ရိပေါ် လျှောက်သွားရင်း နောက်မှ သိုင်းဖက်ကာ ပါးပြင်ကိုတစ်ချက်နမ်းရင်းပြောလိုက်ခြင်းဖြစ်၏။

"အေးကွာ. ခုတစ်လောဖိုးမြေးလေး ပြဿနာမရှာလို့လေ။ ဒါနဲ့နေစမ်းပါဦး ဆံပင်တွေလုပ်လာတာလား။ ထူးထူးဆန်းဆန်း စောစောစီးစီးပြန်လာလို့ပါလား။"

လင်းယွင်မြေးဖြစ်သူ ပြန်စလိုက်ရင်း မေးလိုက်သည်။ ရှောင်ကျန့်ပြောပြ၍ သူ ၀မ်ရိပေါ်၏အကြောင်းစုံကို သိရှိပြီး ဖြစ်သည်။ဆိုင်ကယ်အပေါ် စိတ်၀င်စားမှုအားကြီးလွန်းသည့်မြေးလေးကို အန္တာရယ်ဖြစ်မှာစိုး၍တားမြစ်ထား ခြင်းပင်။ ယခု ရှောင်ကျန့်ကပါ သူ့ကိုတိုက်တွန်းပြောဆိုလာသောကြောင့် မသိချင်ယောင်ဆောင်ထားခြင်းဖြစ်၏။

၀မ်ရိပေါ်က ဆိုင်ကယ်နှင့်ပတ်သတ်လျှင် ကျွမ်းကျင်ပြီး ထူးချွန်သူမို့ ၀ါသနာကိုခွင့်ပြုပေးဖို့ ရှောင်ကျန့်မှ တောင်းဆို လာခြင်းဖြစ်သည်။ ထို့အတွက် သူ့ဖက်မှ ၀မ်ရိပေါ်ကို ပိုပြီးဂရုစိုက်ပေးမည်ဟုဆိုသည်။လင်းယွင်အတွက် ရှောင်ကျန့်၏ တောင်းဆိုချက်သည် စိတ်ချမ်းမြေ့စရာပင်ဖြစ်သည်။

"ဖိုး.. ချောချောလှလှမြေးမလေး လိုချင်လား။ "

၀မ်ရိပေါ် အဖိုးဖြစ်သူကို စကားဦးသန်းလိုက်သည်။ သူချစ်သည့်သူဆိုလျှင် ဖိုးဖိုးလက်ခံမည်မှာ ကျိန်းသေ သော်လည်း မေးလိုက်ခြင်းဖြစ်သည်။

"ဟေ.. မင်းမားမားကို ထပ်မွေးခိုင်းမလို့လား။"

မြေးဖြစ်သူမှ အထူးအဆန်းမေးလာသည်မို့ လင်းယွင် ချွေးမဖြစ်သူကို မျက်လုံးထဲပြေးမြင်လိုက်သည်။ သား လူပျိုဖြစ်မှ နောက်ကလေးထပ်ယူမည့်ကိစ္စသည် တော်ရုံသတ္တိဖြင့်မဟုတ်ဟု တွေးလိုက်မိ၏။

"ဟားးး ဖိုး သားက အဲ့လောက် စွမ်းဆောင်နိုင်သေးလို့လား။ တစ်ချိန်လုံးအလုပ်များနေတဲ့သူက..။ ကျွန်တော်က ဖိုးအတွက် မြေးချွေးမလေး ရှာပေးမလို့...။"

The Edge of Shored (Completed)Where stories live. Discover now