အပိုင်း ( ရ ) unicode

606 65 2
                                    

၀မ်ရိပေါ် ရှောင်ကျန့်ကို ခပ်လှမ်းလှမ်းကနေကြည့်နေမိသည်။ ပုံမှန်ကြည့်နေခြင်းဆိုသည်ထက် စိတ်၀င်တစား ကြည့်မိနေခြင်းဆိုလျှင်ပိုမှန်၏။ သူနှင့် ရှောင်ကျန့် အားဖူ၏အိမ်သို့ရောက်ရှိနေခြင်းပင်ဖြစ်သည်။ ‌‌ရှောင်ယွီကတော့ အားဖူကို အလုပ်ထဲမှ အိမ်ကိုပြန်လွှတ်လိုက်မည်ဆိုသည့်အကြောင်းပြချက်ဖြင့် ပြန်သွားလေသည်။

သူတို့ ရောက်ပြီသိပ်မကြာခင်မှာပင် အားဖူရောက်လာသည်။ ထိုနောက် ရှောင်ကျန့် နှင့်မိတ်ဆက်ပေးကာ ၀မ်ရိပေါ် ခပ်လှမ်းလှမ်းတွင် ရပ်နေခြင်းဖြစ်သည်။ လွတ်လပ်စွာပြောစေလို၍ဖြစ်သည်။ နောက်ဆုံး အားဖူအမေမှ သူ့သားလေး ချွေးနည်းစာများကို လစဥ်နည်းနည်းစီစုထားပေးသည့် ငွေစုစာအုပ်လေးထွက်လာသည်။

ကြည့်ရသည်မှာ အားဖူမသိအောင် ဆုထားခဲ့ခြင်းဖြစ်ပြီး၊ လုံခြုံသည့်နေရာ၌ သိမ်းဆည်းထားခြင်းဖြစ်သည်။ ရုတ်တရက်ဆုံးပါးသွားသောကြောင့် ထိုငွေစုစာအုပ်လေးအကြောင်းကို အားဖူကို အသိပေးချင်တာဖြစ်မည်ဟု ၀မ်ရိပေါ် တွေးမိ၏။အားဖူမှ ထိုစာအုပ်လေးကိုပိုက်ကာ ၀မ်းနည်းတကြီးရှိုက်ငိုလေ၏။

ခဏအကြာမှာ ရှောင်ကျန့်သည် ကောင်းကင်ပေါ်သို့မော့ကြည့်ကာပြုံးယောင်သန်းနေသည်။ ထိုကဲ့သို့ကိစ္စများ ကြောင့် ရှောင်ကျန့်ကို အရူးဟုသတ်မှတ်ခြင်းကို ၀မ်ရိပေါ် သဘောပေါက်သွားမိသည်။

"အဆင်ပြေသွားပြီလား..။"

၀မ်ရိပေါ် အနားသို့လျှောက်သွားကာမေးလိုက်သည်။

"အင်း.. ကောင်းတဲ့နေရာကိုသူထွက်သွားပြီ။ ကျေးဇူးပါ ရိပေါ် ခုလိုကူညီပေးတဲ့အတွက် ..။"

ရှောင်ကျန့် ၀မ်ရိပေါ်ကို ကြည့်ရင်းပြောလိုက်သည်။ယခုလိုကျ ထောင့်မကျိုးလူဆိုးကောင်လေး၏ စိတ်သည် သူ၏ ကြည်စင်နေသည့်အသားအရည်ကဲ့သို့ဖြူစင်လှ၏။

"အာ ကျွန်တော်က ကျေးဇူးတင်ရမှာပါ။ အားဖူက ကျွန်တော် အားကိုးရတဲ့၀န်ထမ်းလည်းဖြစ်သလို သူငယ်ချင်း ဆိုလည်း ဟုတ်တယ်လေ။"

တစ်ယောက်နှင့်တစ်ယောက်ကျေးဇူးအပြန်အလှန်တင်မိကြရင်း ပြိုင်တူရီမောမိကြသည်။ ၀မ်ရိပေါ်၏အပြုံးမှာ ရှောင်ကျန့် ခတ္တမျှမင်သက်သွားမိ၏။ ပါးနှစ်ဖက်မို့တတ်လာသည်အထိ ပြုံးရီနေခြင်းဖြစ်သည်။ သည်လူဆိုးကောင်လေးမှာ ချစ်စရာကောင်းသည့်အပြုံးချိုချိုလေးသည် ချိုမြလွန်း၏။

The Edge of Shored (Completed)Where stories live. Discover now