အပိုင်း ( ၂၄ ) unicode

678 62 3
                                    

"အားကျန့်ရေ.. အားကျန့်...။"

"ဗျာ.. ကျဲ လာပြီ။ "

အခန်းအပြင်မှ ရှင်းရှင်းကျဲအသံကြောင့် ရှောင်ကျန့်ထူးကာ အခန်းတံခါးဖွင့်ပေးလိုက်သည်။

"အားကျန့် ကလေးလေး သက်သာရဲ့လား။ မနက်စာစားရအောင်လေ..။ရွာထဲကလူတွေလည်း အားကျန့် ကလေးလေး ရောက်နေတယ်ဆိုလို့ မြင်ဖူးချင် နေတယ် ...။"

"ဗျာ.. ဟုတ်..သက်သာပါတယ်။ သူခုမှနိုးလို့ ပြီးရင် ကျွန်တော် အောက်ကိုခေါ်ခဲ့လိုက်ပါ့မယ်။ "

ရှင်းရှင်းကျဲမှ ပြုံးစိစိဖြင့် အားကျန့်ကလေးလေးဆိုသောကြောင့် ရှောင်ကျန့် အနေခက်သွားမိသည်။ သူမနေ့ညက စိတ်ပူပြီးဘာတွေပြောမိမှန်းမသိ။ အခန်းထဲပြန်လှည့်၀င်လိုက်သည်နှင့် ကုတင်ပေါ်မှလက်ထောက်ကာ ပြုံးဖြီးဖြီးနှင့် စိုက်ကြည့်နေသည့် ၀မ်ရိပေါ်ကို တွေ့လိုက်ရ၏။

"ဘာကြည့်နေတာလဲ ထတော့ မျက်နှာသွားသစ်။ ပြီးရင် ဒီအိမ်က အိမ်ရှင်တွေနဲ့မိတ်ဆက်ပေးမယ်..။"

ရှောင်ကျန့် မလုံမလဲပြောရင်း အိပ်ယာပေါ်မှ စောင်များကိုဆွဲယူကာခေါက်နေလိုက်သည်။

"ကျန့်ကော.. ကော ကလေးလေးက ဘယ်သူလဲဟင်..။"

၀မ်ရိပေါ် မသိချင်ယောင်ဆောင်ကောမေးလိုက်သည်။ ကျန့်ကောကလေးလေးဆို၍ သူ့ရင်ထဲပျော်ရွှင်ပြီးပီတိ ဖြစ်နေသည်မှာ ပါးစပ်နားရွက်ချိတ်မတတ်ပင်။

"၀မ်ရိပေါ် မျက်နှာပြောင်မနေနဲ့တော့။ ဒီမှာက ငယ်တဲ့သူတွေကိုကလေးလို့ ခေါ်ကြတာထုံးစံပဲ။ သွား မျက်နှာမြန်မြန် သွားသစ် လူကြီးတွေကိုမစောင့်ရစေနဲ့..။

ခပ်ဆက်ဆက်လေးအော်လိုက်မှ မျက်နှာစူပုတ်ပြီး ရေချိုးခန်းထဲ၀င်သွားသည့် ၀မ်ရိပေါ် ကြောင့် ရှောင်ကျန့် ခိုးပြုံး လိုက်မိသည်။ ထိုနောက်သူ့လက်ဖျံကို သူ့ဖာသာဆွဲဆိတ်ကြည့်လိုက်ပြီး ပါးကိုခပ်ဆက်ဆက်ရိုက်ကြည့်လိုက်၏။ ရှောင်ကျန့် သူအိမ်မက်မက်နေတာမဟုတ်ဘူးပဲ။

အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့်ရောက်လာသည့်ကောင်လေးကို ရှောင်ကျန့် သူ့အ၀တ်အစားထဲမှ ခပ်ပွပွအ၀တ် တစ်စုံကို ရွေးထုတ်ထားခဲ့လိုက်သည်။

The Edge of Shored (Completed)Where stories live. Discover now