အပိုင်း ( ၂ ) Unicode

763 88 7
                                    

"ရှောင်ကျန့်.. အာ မင်းခုမှ ခွဲခန်းကထွက်လာတာလား။"

ကိုယ်ပိုင်နားနေခန်းထဲ၌ ဆိုဖာပေါ် လှဲကာ နဖူးပေါ်လက်တင်မှိန်းနေသည့်ရှောင်ကျန့်ကိုမေးလိုက်ခြင်းဖြစ်သည်။ ခေါင်းမှာပေါင်းထားသည့် ခေါင်းပေါင်းပင် မဖြုတ်ရသေးသောကြောင့် ခွဲစိတ်ခန်းမှထွက်လာသည်မှာ မကြာသေးပုံပင်။

"အင်း.. လင်းဝေ မင်းဒီနေ့ ခွဲခန်းမ၀င်ရဘူးလား။"

အသံသည်ရင်းနှီးပြီးသားမို့ ရှောင်ကျန့် မျက်လုံးမဖွင့်ပဲပြန်ဖြေလိုက်၏။ ‌ဆေးကျောင်းစတက်စဥ်မှ ယခုချိန်ထိ သူ့နားမှာကျန်နေသည့် တစ်ဦးတည်းသောသူငယ်ချင်းဆိုလည်းမမှားပေ။

"အေး..မရှိဘူး။ ဘာလဲ ဟိုကောင်တွေမင်းကို ညက နှောက်ယှက်ထားလို့လား။"

ကောင်းကောင်းအိပ်ထားရပုံမရသည့် ရှောင်ကျန့်ပုံစံကြောင့်လင်းဝေမေးလိုက်ခြင်းဖြစ်သည်။

"အေးကွာ.. ဒီမနက်ပိုင်း ခွဲစရာရှိလို့ထလာရတာ။ ဒါနဲ့ မင်းက ပြန်တော့မလို့လား။"

ရှောင်ကျန့် ထထိုင်လိုက်ရင်းပြောလိုက်သည်။ ဂျူတီကုတ်၀တ်မထားတော့သည့်လင်းဝေသည် ပြန်တော့မည့်ပုံပင်။

"အေး..မင်းနဲ့ နေ့လည်စာအတူစားပြီးပြန်မလို့ပဲ။ မင်းဆီလာရင်း ဆေးရုံအုပ်နဲ့တွေ့လို့ မင်းကို အားရင် သူ့ကိုလာတွေ့ဖို့ မှာလိုက်တယ်။ နောက်ပြီး ရှောင်မားလည်း ငါ့ဆီဖုန်းဆက်လာတယ်။ မင်းနားရက်ဘယ်နေ့လဲတဲ့။"

"ဆေးရုံအုပ်ကလား။ ငါ ဘာအမှားလုပ်မိပြန်ပြီလဲ။ အေးကွာ တွေ့ဆိုတော့လည်း တွေ့တာပေါ့။ မားက မင်းကို တော်တော်မှ ပြောသွားရဲ့လား။"

ရှောင်ကျန့် ညီးညူကာနေရာမှထလိုက်ပြီး ခွဲစိတ်ခန်းအ၀တ်အစာများကိုလဲပြစ်လိုက်သည်။ အခန်းထဲဘေစင်မှာ မျက်နှာသစ်လိုက်ပြီး လင်းဝေကိုမေးလိုက်သည်။ မားဖုန်းဆက်သည့်အကြောင်း သူပြန်မေးစရာမလိုအောင်သိပြီးဖြစ်သည်။ မားသည် သူ့ကိုပြောမရလျှင် လင်းဝေဆီဆက်ကာ နားပူတတ်၏။

"အေး လောလောဆယ် ဗိုက်အရင်ဖြည့်ကြတာပေါ့။ "

လင်းဝေတို့နှစ်ယောက် တက်ညီလက်ညီ ဆေးရုံကန်တင်းသို့ ဦးတည်လိုက်သည်။ ဘာကိစ္စပဲရှိရှိ အစာအိမ်ကိုတော့ ဦးစားပေးမှဖြစ်မည်။

The Edge of Shored (Completed)Where stories live. Discover now