အပိုင်း ( ၁၀ ) zawgyi

264 11 1
                                    

"ဟေး ရိပေါ် လာပြီလား။ "

"ဘော့စ် ပြိုင်ပွဲမှာဆုရတဲ့အတွက် ကွန်ကရက်ကျူလေးရှင်းပါ။ "

"အားလုံးကျေးဇူးပဲ။ မင်းတို့ကို တစ်ဝိုင်းကျွေးမယ်။ ဘယ်မှာလုပ်ချင်လဲဆိုတာ မင်းတို့တိုင်ပင်ပြီး ရှောင်ယွီကို ပြောထား လိုက်။"

ဝမ်ရိပေါ် Showroom ထဲသူဝင်လာသည်ကို မြင်၍ လှမ်းနှုတ်ဆက်သည့် ရှောင်ယွီကို လက်ပြလိုက်ပြီး ဂုဏ်ပြု စကားပြောလာသည့် ၀န်ထမ်းများဖက်ကိုလှည့်ပြောလိုက်သည်။ အားလုံးပျော်သွားကြသည်မို့ ၀မ်ရိပေါ် ရုံးခန်းထဲဝင်ခဲ့ လိုက်သည်။

" ဒီရက်ပိုင်း ဘာထူးသေးလဲ ရှောင်ယွီ.. "

ဝမ်ရိပေါ် သူ့နောက်မှ လိုက်ဝင်လာသည့် ရှောင်ယွီကိုမေးလိုက်သည်။ သူ ရုံးခန်းကို မလာဖြစ်သည်မှာ ၃-၄ ရက် လောက်ရှိပြီဖြစ်သည်။ ပြိုင်ပွဲပြီးသည်နှင့် ချန်ပီယံဆုရထားသူမို့ ဂုဏ်ပြုပွဲတက်ရ၊ ဟိုပွဲ ဒီပွဲတတ်ရနှင့် အလုပ်များနေခြင်း ဖြစ်သည်။

"ထူးထူးခြားခြားတော့မရှိဘူး။ မှာထားတဲ့ပစ္စည်းတွေရောက်လာလို့ အလုပ်နည်းနည်းများသွားတာပဲရှိတာ။"

ရှောင်ယွီ ၀မ်ရိပေါ်စစ်ဆေးရန်ဖိုင်တစ်ချို့ပြင်ပေးရင်း ပြောလိုက်သည်။

"မင်းတစ်ယောက်တည်းပင်ပမ်းသွားပြီပေါ့။ မင်းကို ငါ ကောင်းကောင်းပြုစုပါ့မယ်ကွာ။ ကလေးတွေကိစ္စလည်း မင်း အားဖူနဲ့တိုင်ပင်ပြီး စီစဉ် ပေးလိုက်ဦး..။"

ဝမ်ရိပေါ် ရှောင်ယွီလက်မောင်းကို မနာအောင် အသာလှမ်းထိုးရင်းပြောလိုက်သည်။ ရှောင်ယွီသည် အလုပ်ကိစ္စနှင့် ပတ်သက်လျှင် ၀မ်ရိပေါ်အတွက် အားထားရသည်ဖြစ်၏။

"ဟေ့ရောင် ပုံမှန်ပြုစုတာလောက်နဲ့မရဘူးနော်။ မင်းကျ လန်ဟွားနဲ့ သာယာနေလိုက်တာများ..။ မင်းတို့ပုံတွေ ငါတွေ့ပါတယ်။ ဘယ်လိုလဲ ခုတော့တရားဝင်ဖွင့်ပြောပြီး တွဲလိုက်ကြပြီပေါ့။ "

ရှောင်ယွီ အကျိုးမြတ်ကြီးကြီးရမှဖြစ်မှာနော်ဆိုသည့်ပုံစံဖြင့် ပြောလိုက်၏။ လန်ဟွား၏ IG အကောင့်မှာ ၀မ်ရိပေါ် နှင့်အတူပွဲတတ်သည့် ပုံများသည်မမြင်ချင်မှအဆုံးပင်ဖြစ်သည်။ နှစ်ယောက် လုံးကရုပ်ရည်အဆင့်အတန်းဘာမှ ပြောစရာ မရှိအောင် နေနှင့်လ၊ ရွှေနှင့်မြကဲ့သို့ လိုက်ဖက်လှသည်။

The Edge of Shored (Completed)Where stories live. Discover now