အပိုင်း ( ၁ရ ) unicode

595 61 11
                                    

၀မ်ရိပေါ် လုံး၀အရှင်းနေကောင်းသွားပြီဖြစ်သည်။ အမှန်က ပြီးခဲ့သည့်နှစ်ရက်ကတည်းမှ သူအဖျားမတတ်တော့ပဲ သူနေလို့ကောင်းသွားတာဖြစ်၏။ သို့ပေမယ့် ရှောင်ကျန့်မှ သူ့ကိုစိတ်ချရအောင်စောင့်ကြည့်ပြီးမှ ၃ရက်မြောက်နေ့မှ ရေချိုး ခွင့်ပေးခဲ့သည်။ သည်နေ့ လေးရက်မြောက်နေ့မှာ ရှောင်ကျန့်ကို ကတိပေးထားသည့်အတိုင်း ၀မ်ရပေါ် ဖိုးဖိုးကို ဆက်သွယ်ခဲ့သည်။

သူဖုန်းကို ကိုင်ကိုင်ခြင်းမှာပင် ဖိုးဖိုးသည် သူအရမ်းစိတ်ပူနေကြောင်းပြောရှာသည်။ ထိုင်၀မ်ကနေ ၀မ်ရိပေါ်ဆီ ဖုန်းဆက်သော်လည်း စက်ပိတ်ထားသောကြောင့် သားနှင့်ချွေးမဆီဆက်ရင်း မေးမြန်းရာ ခရီးထွက်သွားဟုဆို၏။ ဘယ်သွားသည်ဆိုတာကိုရေရေရာရာမပြောနိုင်၍ ကိစ္စပြီးပြီးခြင်း ပြန်လာခဲ့သည်ဟုဆိုသည်။

၀မ်ရိပေါ် သူအရမ်းဖျားနေသည်ကတစ်ကြောင်း၊ ပါးတို့နှင့် စကားမပြောချင်တာလည်းပါသောကြောင့် စက်ပိတ် ထားမိခြင်းကိုအကြောင်းပြခဲ့သည်။ ဖိုးဖိုနှင့် အပြင်မှာတွေ့ရန် ချိန်းသော်လည်း ဖိုးဖိုးမှ အိမ်ကိုသာပြန်လာရန်ပြောခဲ့သည်။ ၀မ်ရိ‌ပေါ် သူပြန်မလာပါက ပါးနှင့်မားကို ၀မ်အိမ်တော်မှ နှင်ချမည်ဟုပြောသည်။

ကိုယ့်အိမ် ကိုယ်ပြန်တာဆိုသော်ငြားလည်း အနည်းငယ်မျှ စိုးထိတ်မိသည်။ မောင်းမချခင် ကိုယ့်အသိစိတ်နှင့် ကိုယ်ဆင်းတယ်ဆိုသည့်မာန ဖြင့် အိမ်မှဆင်းလာခဲ့ခြင်းပင်။ ပါးနှင့်မား သူ့ကိုတွေ့လျှင် ဖိုးအေအားကိုးရှိလို့ ပြန်လာသည်ဟု မမြင်စေလိုပေ။

၀မ်ရိပေါ်ကားလေး ၀မ်အိမ်တော်ရှေ့ တုန့်ကနဲရပ်သွားသည်။ ခြံစောင့်မှ သူ့ကားမြင်သည်နှင့်ပျာပျာသလဲတံခါး ဖွင့်ပေးသည်။ သူပြန်လာသည်ကိုသိ၍ အိမ်ရှေ့၌ ရပ်စောင့်နေသည့် ဖိုးဖိုးကို လှမ်းမြင်လိုက်သည်။

"ဖိုးဖိုး...။"

၀မ်ရိပေါ် ကားပေါ်မှဆင်းသည်နှင့် ဖိုးဖိုးကိုပြေးဖက်လိုက်သည်။

"ပေါ်ပေါ် မြေးလေး နေကောင်းသွားပြီလား..။"

လင်းယွင်မြေးဖြစ်သူကို အလိုက်သင့်ပြန်ဖက်ရင်းမေးလိုက်သည်။ မေးမည့်သာမေးရသည်။ မမြင်ရသည့် တစ်ပတ် အတွင်း ပါးကြီးတွေဖောင်းကားနေသောကြောင့် နေမကောင်းတာကောဟုတ်ရဲ့လားဟု လင်းယွင်သံသယဖြစ်မိ၏။ သူ့မှာ တော့ သားဖြစ်သူနှင့် ချွေးမဖြစ်သူကို သူ့မြေးလေး အပြင်မှာ အစားအသောက်ဆင်းရဲပြီး ဘယ်လောက်တောင် ဒုက္ခ ရောက် နေလို့ နေမကောင်းတောင်ဖြစ်ရသနည်းဟုဆိုကာ ဓားကျိန်း ကျိန်းထားရသည်။

The Edge of Shored (Completed)Where stories live. Discover now