အပိုင်း ( ၂ရ ) unicode

591 55 3
                                    

"ကျန့်ကော.. စိတ်လှုပ်ရှားနေလား။ အားလုံးအဆင်ပြေတယ် ဘာမှမစိုးရိမ်နဲ့။ ကျွန်တော် တစ်ယောက်လုံးရှိတယ်..။"

အိမ်နှင့်နီးကပ်လာသည်နှင့် ပို၍ငြိမ်သက်သွားသည့် ရှောင်ကျန့်လက်ဖမိုးလေးကို ကားမောင်းနေရင်း ၀မ်ရိပေါ် ဆွဲယူလိုက်ကာ ဆုပ်ကိုင်ထားလိုက်သည်။ သူတို့နှစ်ယောက်၏ အိမ်တော်ပြန်ခရီးဖြစ်သည်။ ဘာလိုလိုနှင့် သူ လုံကန်မှာ တစ်လလောက်ကြာသွားခဲ့သည်။

ပေကျင်းရောက်သည်နှင့် ၀မ်ရိပေါ်၏အိမ်ကိုအရင်သွားမည်ဟုဆိုလာသောကြောင့် ဖြစ်သည်။ ယခုတော့ စိတ်ပူကာ ငြိမ်သက်နေပုံရသောကြောင့် ၀မ်ရိပေါ် နှစ်သိမ့်လိုက်ခြင်းဖြစ်သည်။

"အင်း.. ကိုယ်နည်းနည်း ၀မ်ပါးနဲ့ မားကို မျက်နှာပူလို့...။"

၀မ်ဖိုးဖိုး၏ သဘောထားကိုရှောင်ကျန့်သိပြီးဖြစ်သည်။ ထို့အတူ ၀မ်ရိပေါ်၏မိဘများ၏သဘောထားကိုလည်း သိထားသူဖြစ်သည်။ ၀မ်ရိပေါ်မှ အဆင်ပြေတယ်ပြောသည့်တိုင် စိတ်ပူနေမိ၏။ သူ့တို့ဖက်မှ ခါးခါးသီးသီးဆိုလျှင်တောင် ရှောင်ကျန့် ဖက်မှအဆင်ပြေသည်အထိလက်ခံအောင် ပြောဆိုရမှာဖြစ်သည်။

................

" ဖိုးဖိုး... ပါး မား .. သားရောက်ပြီ..။"

ကားပေါ်မှဆင်းသည်နှင့် ၀မ်ရိပေါ် ရှောင်ကျန့်လက်ကို ဆွဲကာ အိမ်ထဲ၀င်ခဲ့လိုက်သည်။ သူတို့ပြန်လာပြီဟု ဖုန်းဆက် အကြောင်းကြားထားသော်လည်း ဘယ်ချိန်ရောက်မှန်းမသိ၍ ထွက်မကြိုကြခြင်းဖြစ်မည်။ လုံကန်မှ သူတို့ မနေ့နေ့လည် ကတည်းမှထွက်ခဲ့ခြင်းဖြစ်သည်။ ကားကို သက်တောင်သက်သာ မောင်းလာခဲ့ပြီးလမ်း၌ တစ်ညအိပ်ခဲ့သေးသည်။

"သားလေး.. ပြန်လာပြီလား။ မားက သားတို့ရောက်မယ်ဆိုလို့ ကြိုက်တတ်တာလေးတွေ ကျွေးချင်လို့ စီစဥ်နေတာ..။"

မေယင်းသားဖြစ်သူအသံကြောင့် Kitchen room ထဲမှ အပြေးထွက်လာကာ ပြောလိုက်သည်။ ကြည်ရွှင်နေသည့် သားဖြစ်သူမျက်နှာသည် အတော်ပင်ပျော်ရွှင်နေပုံရ၏။

"မား သတိရနေတာ...။"

၀မ်ရိပေါ် မားကိုဖက်ကာ ပါးနှစ်ဖက်ကို မွှေးကြူလိုက်ရင်းပြောလိုက်သည်။

The Edge of Shored (Completed)Where stories live. Discover now