အပိုင်း ( ၂၈ ) unicode

604 52 9
                                    

"ကျန့်ကော.. ရှောင်မား..။"

၀မ်ရိပေါ် ခြံရှေ့မှ အသံပေးလိုက်ခြင်းဖြစ်သည်။ သူရောက်သည်မှာ ည ၉နာရီထိုးလုနီးနီးအချိန်ဖြစ်၏။ အလုပ်ထဲ ရှောင်ယွီနှင့် အလုပ်လုပ်ရင်းအချိန်ကုန်သွားခြင်းဖြစ်သည်။ အလုပ်ပြီးချိန် ရှောင်ယွီမှ Bar ကိုသွားရန်ပြောသော်လည်း ၀မ်ရိပေါ် နောက်တစ်ခေါက်ပေါ့ဟုဆိုကာ အကြောင်းပြခဲ့သည်။ လမ်းမှာ ရှောင်မားအတွက် သင့်တော်မည့်လက်ဆောင် ၀င်၀ယ်ခဲ့သေးသည်။

"အယ်.. သားလေးရိပေါ်.. လာလာ အိမ်ထဲ၀င်..။ မင်းအစ်ကိုတော့မရှိဘူးကွဲ့.. လင်းအာလာခေါ်သွားတယ်။ "

"လင်းဝေကောကိုပြောတာလား။ ဘယ်သွားမယ်ပြောသွားသေးလဲ။ ကျွန်ေတာ်အလုပ်ထဲအပြန်၀င်လာတာ..။ဒီမှာ ရှောင်မား အတွက် လက်ဆောင်၀ယ်လာတယ်။ ကြိုက်ရဲ့လားတော့မသိဘူး။"

ရှောင်ကျန့် မရှိဘူးဆို၍ ၀မ်ရိပေါ် စိတ်ထဲအနည်းငယ်မကျေမနပ်ဖြစ်သွားသည်။ ဒီက သူ့ကိုအံ့သြသွားအောင် တမင် ဖုန်းမဆက်ပဲလာခဲ့ခြင်းဖြစ်၏။

"ဟုတ်တယ်. သူငယ်ချင်းတွေမတွေ့ရတာကြာပြီဆိုတော့ ပါသွားလေရဲ့။ သားရယ် လက်ဆောင်တွေမလိုပါဘူး။ လူလာရင်ပဲ မားက ကျေနပ်ပါပြီ။ သားအစ်ကိုလည်း နောက်မကျဘူးပြောတယ်..ပြန်လာခါနီးပါပြီ။ "

"ရှောင်မား... ကျန့်ကောကို ကျွန်တော့်ပေးပါ။ တစ်သက်လုံးပျော်ရွှင်အောင်ထားပါ့မယ်လို့ ကတိပေးပါတယ်...။"

အိမ်ထဲရောက်သည်နှင့် ၀မ်ရိပေါ်ဒူးထောက်ထိုင်ချကာပြောလိုက်သည်။ ရှောင်းမားက ပုံစံကအံ့သြသွားဟန် မဖြစ် တာမို့ ၀မ်ရိပေါ် ထူးဆန်းသွားမိသည်။ ကြိုတင်ဒူးထောက်ထားခြင်း၏အကျိုးလားဟု ၀မ်ရိပေါ်တွေးမိလိုက်၏။

"သားလေးရယ် အဲ့လိုတွေလုပ်ဖို့မလိုပါဘူး။ သားကျန့်ပြောပြလို့ မားသိပြီးပါပြီ။ လာ ..မားနားကို လာထိုင်ပါဦး ကလေးရယ်..။"

" မား ကျန့်ကောကိုပေးပါနော်..။ ကျွန်တော်တို့ကို မခွဲပါနဲ့နော်....။"

အိုး..ဒါကြောင့်ကိုးဟု ၀မ်ရိပေါ် စိတ်ထဲမှပြောလိုက်သည်။ သူ့လက်လေးကိုဆွဲထူကာ အနားထိုင်ခိုင်းလာသည့် ရှောင်မားကို မျက်နှာငယ်လေးဖြင့်ပြောလိုက်၏။ နော် ချင်းထပ်နေသည့် သူ့ပုံစံကို ပါးပါးတွေ့လျှင် ၀မ်ရိပေါ် ပညာတွေ သုံးနေပြီဟု ပြောမှာကျိန်းသေသည်။

The Edge of Shored (Completed)Where stories live. Discover now