အပိုင်း ( ၁၂ ) unicode

585 67 5
                                    

"ပါး ရုပ်တူတိုင်းလည်း လူ၀င်စားလို့ပြောလို့မရဘူးလေ။ ခုရွယ်ထိ သူတို့မှတ်မိတာရှိတာမှမဟုတ်တာ..။"

၀မ်ကျားမင် ဖခင်ဖြစ်သူနှင့် ထမင်းစားခန်း၌ ပြောနေခြင်းဖြစ်သည်။ သူ့သား ၀မ်ရိပေါ်ကို ဖခင်ဖြစ်သူမှ သူ့ ညီလေး ပြန်၀င်စားသည်ဟုဆိုကာ ငယ်စဥ်ကတည်းမှ ခုချိန်ထိအလိုလိုက်အကြိုက်‌ဆောင်ခဲ့သည်။ ကျားမင် သူ့ ဦးလေးဖြစ်သူကို မမြင်ဖူးခဲ့သော်လည်း ဖခင်၌ရှိသည့် သူ့ဦးလေးပုံသည် သူ့သားနှင့်တစ်ပုံစံတည်းဖြစ်၍ လူ၀င်စားဆိုသည်ကိုယုံကြည်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သားဖြစ်သူသည် တစ်ချို့ ကျားမင်ကြားဖူးသည့်လူ၀င်စားများကဲ့သို့ စကားပြောသည့်အရွယ်မှစ၍ ယခုချိန်ထိ အတိတ်ဘ၀နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောဖူးသည်မရှိ။ တစ်ချို့လူ၀င်စားများသည့် စကားပြောတတ်သည့် အရွယ်၌ အတိတ်အကြောင်းကိုပြောလေ့ရှိသည်ဟု ကြားဖူးသည်။

ထိုကြောင့်ဖခင်ဖြစ်သူသည် ညီဖြစ်သူအပေါ် ချစ်သည့်စိတ်ကြောင့်အစွဲအလမ်းတစ်ခုဟုသာယူဆခဲ့သည်။ ၀မ်မျိုး ရိုး သွေးသားရင်းဖြစ်သောကြောင့် ရုပ်တူသည်လည်းဖြစ်နိုင်သည်လေ။ ယခုတော့ နောက်ထပ်တစ်ခုတိုးလာပြန်သည်။ သားဖြစ်သူ၏ ခြေထောက်ကိုကုသပေးသည့်ဒေါက်တာရှောင်းသည်လည်း လူ၀င်စားဟုဆိုသည်။

လူ၀င်စားဟုပြောရုံလောက်ဖြင့် ကျားမင်မထူးဆန်းသေးပါ။ ပါးပါးပြောလာသည်က သားဖြစ်သူ၀မ်ရိပေါ်နှင့် ဒေါက်တာရှောင်းဆိုသူသည် အတိတ်ဘ၀၌ လက်ထပ်ပေါင်းသင်းပြီး ဘ၀တစ်ခုထူထောင်ခဲ့သည်တဲ့လေ။

ယခုခေတ် လိင်တူလက်ထပ်ခြင်းသည် ဟိုးယခင်အချိန်ထက်စာလျှင် တော်တော်များများလက်ခံလာကြပြီ ဖြစ်သော်လည်းကျားမင် သားဖြစ်သူအပေါ်ကိုဖြင့် အတ္တကြီးချင်မိသည်။ သူ့တို့အတွက် ၀မ်ရိပေါ်သည် တစ်ဦးတည်းသော သားလေး ဖြစ်၏။ယခုမှပင် ကျားမင် သဘောပေါက်သည်။ ဒေါက်တာ‌ရှောင်းအပေါ် သူ့ဖခင်မှ လိုအပ်သည် ထက်ပိုကောင်း နေရခြင်း အကြောင်းအရင်းကိုပင်။

" မင်းပြောတာလဲဟုတ်ပါတယ်။ ပါးမငြင်းပါဘူး။ ဒါပေမယ့် ပါးတစ်သက် ခုလို တစ်ထေရာတည်းတူတဲ့ လူ၀င်စားမျိုး မတွေ့ဖူးဘူး။ ပါးး ခုလိုပြောရတာက အရင်လိုပဲ သူတို့နီးစပ်ဖို့ဖြစ်လာရင် ကန့်ကွက်စရာအကြောင်းမရှိဘူးဆိုတာ အသိပေး တာ။ ကျန်တာကတော့ သူတို့ဆုတောင်းအတိုင်းပေါ့...။ မင်းတို့ ငါ့မြေးဆန္ဒကို အတားအဆီးမဖြစ်စေဖို့ ကြိုပြောထားတာ။ ငါက အဲ့နေ့ထိ ရှိချင်မှ ရှိနိုင်‌တော့မှာလေ...။"

The Edge of Shored (Completed)Where stories live. Discover now