အပိုင်း ( ၂၃ ) unicode

658 62 5
                                    

၀မ်ရိပေါ် မရပ်မနားကားကိုမောင်းလာခြင်းဖြစ်သည်။ လမ်း၌ ဆီထည့်သည့်အချိန်မှလွဲ၍ အနားပင်မယူပဲ ဆက်တိုက် မောင်းလာခဲ့ခြင်းပင်။ ၁၈နာရီကျော်မောင်းရသည့်လမ်းခရီးသည် သူ့အတွက် နာရီပေါင်းများစွာကြာနေသလိုပင်။ မျက်လုံး များကျိန်းစပ်နေသော်လည်း သူနားချင်စိတ်လုံး၀မရှိ။

လမ်း၌ ပါးနှင့်မား၊ဖိုးဖိုးကိုပါ စိတ်မပူဖို့ သူအဆင်ပြေကြောင်း မကြာခဏဖုန်းဆက်ပြောဖြစ်သည်။ လုံဖာမြို့မှ ကြိုဆိုပါသည်ဆိုင်းဘုတ်ကိုမြင်လိုက်ရ၍ ၀မ်ရိပေါ် အားတတ်သွားမိသည်။ သူနောက်ထပ် နာရီပိုင်းလောက်ဆိုလျှင် ရှောင်ကျန့်ကိုတွေ့ရတော့မည်ဖြစ်သည်။

"ဗျာ.. သွားလို့မရဘူးဟုတ်လား ဘာလို့လဲ...။"

ကားကို လုံဖာမှာထားခဲ့ပြီး လုံကန်သို့ခရီးဆက်ရန် ဆိုင်ကယ်ဌါးရခြင်းဖြစ်သည်။ ဆိုင်ကယ်ဌါးတဲ့ဆီမှ ဒီနေ့အဖို့ သွားလို့မရတော့ဘူးဆို၍ ၀မ်ရိပေါ်စိတ်ညစ်သွားခြင်းပင်။

"ဟုတ်တယ် ငါ့တူရ။ ခနနေ နေ၀င်တော့မယ်အချိန်ဆိုရင် တောင်ကျရေတွေကျလာတော့မှာ အဲ့ချောင်းက ရေစီးတအား သန်လို့ ဘယ်သူမှမဖြတ်ရဲကျဘူး။ ဒီမှာကတောင်ကျရေ ကျမယ့်နေ့ဆို ကယ်ရီတွေစောစောသိမ်းကြတယ်။..ဟေး အားလုံ မင်းတို့ရွာကိုသွားမလို့တဲ့ကွ ဧည့်သည်..။"

ဆိုင်ကယ်ကယ်ရီဌါးသည့်နေရာမှ ဦးလေးကြီးမှ၀မ်ရိပေါ်ကို ရှင်းပြရင်း ဖြတ်သွားသည့် လူငယ်တစ်ယောက် ကိုလှမ်းအော်ပြောလေသည်။

"အော.. ဆရာ၀န်လေးဆီလာတာလား။ အဲ့အိမ်က မင်္ဂလာဆောင်အတွက် ပစ္စည်းတချို့တောင် လူကြုံမှာလိုက်သေးတယ်ဗျ.။"

"ကျွန်တော်အရမ်းအရေးကြီးနေလို့ သွားမှဖြစ်မှာမလို့ပါ။ ဖြစ်နိုင်ရင် ကျွန်တော့်ကို ဆိုင်ကယ်ဌါးပေးပြီး လမ်းပြ ပေးပါလား.. ကျွန်တော် ဆိုင်ကယ်တန်ဖိုးအတိုင်းပေးခဲ့ပါ့မယ်။"

မင်္ဂလာပွဲလို့ ကြားလိုက်သည်နှင့် ၀မ်ရိပေါ်ခေါင်းမီးတောက်သွားသည်။ ထိုချောင်းကို လက်ပစ်ပဲကူးရကူးရ သူသွား ရမှဖြစ်မည်။

"ဒီလိုလုပ်လေ..ချောင်းနားထိသွားကြည့်တာပေါ့။ ကံကောင်းလို့ အချိန်မှီရင်လည်း မှီပေါ့။ ရေတတ်နေရင်တော့ ငါ့ညီဒီကို ပြန်လာလိုက်ဟုတ်ပြီလား...။"

The Edge of Shored (Completed)Where stories live. Discover now