အပိုင်း (၁၁) zawgyi

255 11 2
                                    

ရုတ်တရက်ကျယ်လောက်စွာထမြည်သည့်ဖုန်းကြောင့် ၀မ်ရိပေါ် အလန့်တကြားထထိုင်လိုက်မိ၏။ သူ့အခန်းထဲ မှောင်မဲနေပြီဖြစ်သည်။ ဖုန်း screen ထက်မှ ခေါ်နေသည့်အမည်မသိဖုန်းနံပတ်ကိုစိုက်ကြည့်နေရင်း ရုတ်တရက် သတိရ သွားကာ ကောက်ကိုင်လိုက်သည်။

"ခင်ဗျားကလည်း ခုမှပဲပြန်ဆက်တော့တယ်။ ကျွန်တော် ၀မ်ရိပေါ် ရှောင်ကျန့် ဘယ်သွားလဲသိချင်လို့ ..။"

ဝမ်ရိပေါ် သူခေါ်ဆိုထားသည့် ဒေါက်တာလင်းဝေဖုန်းဖြစ်သောကြောင့် ဖုန်းကိုင်ကိုင်ခြင်း ပြောလိုသည်များကို တရစပ်ပြောပစ်လိုက်သည်။

" ဒီနံပတ်က မင်းဖုန်းလား။ ငါလည်း ခွဲခန်းနဲ့ မီတင်ဆက်နေလို့ မင်းဖုန်းမှန်းဘယ်သိမှာတုန်း။ အေး လိုရင်းပြောမယ် ရှောင်ကျန့် အဝေးပြေးလမ်းမပေါ်မှာဒုက္ခရောက်နေလို့ မင်းသွားပေးနိုင်မလား။ မင်းအဆင်မပြေရင် ငါ ဂျူတီချိန်းဖို့ လူရှာမလို့..။"

ဖုန်းကိုင်ကိုင်ခြင်းမှာ ရန်တွေ့သံကြားလိုက်ရ၍ လင်းဝေအနည်းငယ်တော့ တင်းသွားမိသည်။ သောက်ကလေး သူ့ကိုများ အားယားနေတယ်ထင်နေလားမသိ။ အခုလေးတင်ပဲ ရှောင်ကျန့်ဖုန်းဆက်လာခြင်းဖြစ်သည်။ ပြောသွားသည့် စကားက "လင်းဝေ ငါ အဝေးပြေးလမ်းမပေါ်မှာ ကားပျက်သွားလို့ အမြန် " လို့သာ ကြားလိုက်ရပြီး ဖုန်းပျက်သွားခဲ့သည်။

လင်းဝေပြန်ခေါ်သော်လည်း ဖုန်းပိတ်ထားသည်ဟူ၍သာဖြေနေသောကြောင့် ဖုန်းအားကုန်၍ ပိတ်ကျသွားပုံ ရသည်။ အမည်မသိနံပတ်တစ်ခု၏ အကြိမ်ပေါင်းများစွာခေါ်ဆိုထားတာတွေ့သောကြောင့် ပြန်ဆက်ကြည့်၍ ၀မ်ရိပေါ်မှန်း သိလိုက်ရသည်။

"သွားမယ်..သွားမယ် ခုချက်ချင်းသွားလိုက်မယ်...။"

ဝမ်ရိပေါ် ကားသော့ဆွဲကာ အိမ်ပေါ်မှ အပြေးဆင်းခဲ့လိုက်သည်။

"မြေး ပေါ်ပေါ် ပြန်ရောက်နေတာလား။ ဒါနဲ့ အိမ်ရှေ့ကကားက....။"

"ဖိုး နောက်မှရှင်းပြမယ် ခုကျွန်တော် အရမ်းအရေးကြီးနေလို့...... ။"

လှေကားမှာဆုံသည့်ဖိုးဖိုးကို ၀မ်ရိပေါ် စကားပင်ရပ်မပြောနိုင်ပေ။ မြေးရယ် လိမ့်ကျတော့မှာပဲဆိုသည့်စကားသံနှင့် မားမား၏ သား ဘယ်သွားမလို့လဲ မိုးရွာနေတယ် ဖြည်းဖြည်းမောင်းဆိုသည့် အော်ပြောသံကိုကြားလိုက်ရသည်။

The Edge of Shored (Completed)Where stories live. Discover now