အပိုင်း(၂၆) zawgyi

243 11 0
                                    

"၀မ်ရိပေါ် မင်းဘာဖြစ်နေတာလဲ။ အဲ့လိုဆက်လုပ်နေမယ်ဆို ပြန်လိုက်တော့..။"

ရှောင်ကျန့် စိတ်ပျက်သည့်ပုံစံဖြင့် လေသံမာမာပြောလိုက်သည်။ သူ့ကိုတစ်ချက်စိုက်ကြည့်ပြီး လှည့်ထွက်သွား သည့် ကောင်လေးကျောပြင်ကိုကြည့်ကာ သက်ပြင်းချလိုက်မိ၏။ ရှောင်ကျန့် သူအဲ့လိုမှမပြောရင် ပိုဆိုးလာမည်စိုးသဖြင့် ပြောလိုက်ရခြင်းပင်။ ပြောပြီးသူလည်း စိတ်ထဲနေလို့မကောင်းတော့ပေ။

ဝမ်ရိပေါ်၏အူတိုမှုသည်တော်တော်ဆိုးသည်ဟုပြောရမည်။ ထိုမျှအူတိုတတ်လိမ့်မည်ဟု ရှောင်ကျန့်ထင်မထား မိတာအမှန်ပင်။ ပြဿနာသည် ရှင်းရှင်းကျဲတို့မင်္ဂလာပွဲနေ့မှအစပြုသည်။ မင်္ဂလာပွဲ၌လူစုံတော့ ထုံးစံအတိုင်းစကားစုံ သွားခြင်းဖြစ်သည်။ အကြောင်းမှာ ရှောင်ကျန့်ကို သဘောကျပြီး သားမက်တော်ချင်နေသည့်သူများ နမြောတဿဖြစ်နေ သည့် စကားဝိုင်းကို ၀မ်ရိပေါ်ကြားသွားခြင်းပင်။

အမှန်ကဘာရယ်မဟုတ် လူစုံတုန်းသူတို့စိတ်ထဲရှိရာ ရိုးသားစွာဖြင့် ရီစရာတစ်ခုအဖြစ်ပြောကြခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ရှောင်ကျန့်သွားလေရာတောက်တဲ့ကဲ့သိုတွယ်ကပ်နေတော့သည်။ တော်ရုံဆိုကိစ္စမရှိ။ ခုဟာက ရှောင်ကျန့် ရွာထဲမှာ ဆေးကုသွားရာတစ်ကောက်ကောက်လိုက်သည်။ လိုက်သည်ကလည်း ပြဿနာမဟုတ်သေး။ ရှောင်ကျန့်နှင့် ရင်းရင်းနှီးနှီးပြောသည့်သူတိုင်းကို စားမတက်၊၀ါးမတက်ကြည့်နေသည်မှာ အားနာဖို့ကောင်းလှသည်။

ပြောလို့ပြောတာမဟုတ်။ ၀မ်ရိပေါ်သည်အရှိန်အ၀ါကြီးသည်။ ယခုလိုကြီး ဘေးကနေရုပ်တည်တည်ကြီး လုပ်ထား သောကြောင့် တဖက်လူများမှာစကားပင်ရဲရဲမပြောကြတော့ပေ။ ၀မ်လူဆိုးလေးသည် ထိုကဲ့သိုဆိုးပါ၏။ ရှောင်ကျန့်မှာ မျက်နှာကြီးအဲ့လိုလုပ်မထားနဲ့ဟု ပြော၍လည်းမရ။ အားလုံးကို သူ့အပိုင်လာလုပ်မည်စိုးသဖြင့် ရန်လိုနေသူတစ်ဦးလိုပင်။

ရှောင်ကျန့် မပြန်ခင် သည်ရွာမှလူကြီးများကို တတ်နိုင်သလောက်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြစ်သည်။ အစကသည်ရွာမှာ ကြာကြာနေဖို့ရည်ရွယ်ထားသော်လည်း ယခုတော့ မဖြစ်နိုင်တော့ပေ။ သူမပြန်လျှင် လုံးဝပြန်မည့် ပုံမပေါ် သည့် ၀မ်လူဆိုးလေးကြောင့်ဖြစ်သည်။

The Edge of Shored (Completed)Where stories live. Discover now