[အုပ်ကြီးရဲ့နိဒါန်း]

50K 1.6K 104
                                    


Unicode
~~~~~~~

အုပ်ကြီးဖြစ်ရတာကလုံးဝလွယ်ကူမနေဘူး။
ဒါကိုအုပ်ချုပ်ရေးမှူးလုပ်ဖူးတဲ့လူတိုင်းသိတယ်။ အရည်အချင်းပြည့်ဝတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာဖို့အတွက် ငါတို့တွေက နည်းလမ်းတွေအများကြီးကို နှလုံးသားထဲမှာ​​တံဆိပ်ရိုက်ထားရတယ်။

ဥပမာ - ရပ်ကွက်သူရပ်ကွက်သားတွေအပေါ်
အဖေရင်းနဲ့မခြားနှလုံးသားနဲ့စောင့်ရှောက်ရမယ်။
ခန္ဓီပါရမီပြည့်ရမယ်၊ စွန့်လွှတ်တတ်ရမယ်၊
လိုအပ်ရင် အိတ်စိုက်တတ်ရမယ်၊မျက်နှာပြောင်တိုက်တတ်ရမယ်၊ ရွှီရှောင်လုပ်တတ်ရမယ်၊ရှောင်လင်သိုင်းတတ်ရမယ်၊ ဒါကအခြေခံလိုအပ်ချက်တွေပဲ။

ငါ့နာမည်က 'ကျော်ဇေယျာနိုင်' အသက်က '၃၀'ရှိပြီ။
ငါက'အေးချမ်းသာယာ'ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။​ပြီး​တော့ဒီရပ်ကွက်လေးက ငယ်မွေးခြံပေါက်လဲဖြစ်တယ်။ ငါတို့တစ်မျိုးလုံးက ဆွေစဥ်မျိုးဆက်အုပ်ချုပ်ရေးမှူးလုပ်စားလာတဲ့ မျိုးရိုးဆိုတော့ ငါလဲပဲ အသက်'၂၅'နှစ်မှာ
အရည်အချင်းပြည့်ဝတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်လာတာပေါ့ကွာ။

အမ်း..မင်းသာခေါင်းကောင်းပြီး တွေးခေါ်တတ်တဲ့လူဆိုရင် အပေါ်ကစာပိုဒ်ကိုဖတ်ပြီးကျိန်းသေသလောက် မင်းမှာငါ့ကိုမေးစရာရှိနေလိမ့်မယ်။

'လေးနှစ်တစ်ခါ အုပ်ချုပ်ရေးမှူးရွေးပွဲ
ရပ်ကွက်မှာလုပ်တယ် မဟုတ်ဘူးလား။
ဘာကြောင့်မင်းတို့မျိုးရိုးက အုပ်ချုပ်ရေးမှူးမျိုးဆက်လဲ၊ မင်းတို့က အထက်ကို
လာဘ်ထိုးပြီး အုပ်ချုပ်ရေးမှူးနှစ်တိုင်းဖြစ်နေတာလားဆိုပြီး'ငါတို့သိက္ခာကိုထိပါးတဲ့အထိတွေးမိ
လာရင်တော့ မင်းရဲ့ကောင်းလွန်းတဲ့ခေါင်းကို
ပလက်ယာနဲ့ဖွင့်ပြီး ဦးနှောက်ကိုခွေးသွား
ကျွေးလိုက်ဖို့ ငါပြောချင်တယ်။

ငါတို့ကအမြဲတမ်း သမာသမတ်ကျသလို ရွေးကောက်ပွဲမှာလဲ လာဘ်ကင်းကင်းနဲ့ဝင်ပြိုင်တာ။ ဘာကြောင့်ငါတို့မျိုးရိုးတစ်လျှောက် အုပ်ကြီးဖြစ်လာတာလဲမေးချင်ရင် ငါ့ကိုလာမမေးဘဲ၊
ငါ့ရပ်ကွက်က လူတွေကိုပဲမေးကြည့်ပေါ့ကွာ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now