Unicode
~~~~~~~စျေးသည်အန်တီကြီးတွေရဲ့စကားကြောင့်
ငါဘာမှတောင်မဝယ်ဖြစ်ဘဲ အိမ်ကိုပဲခပ်သုတ်သုတ်ပြန်လာခဲ့မိတယ်။အဲ့ကောင်ရန်ငြိမ်းအောင်က လုံးဝကိုခေါင်းမကောင်းဘူးနဲ့တူတယ်။လာမပတ်သက်နဲ့လို့ပြောခဲ့တာက
သူမဟုတ်တဲ့အတိုင်း အခုကရောဘာဖြစ်ချင်ရပြန်တာလဲ။ဒီကောင်ငါ့ကိုပြဿနာရှာချင်လို့
ဂွင်ဆင်တာပဲလို့ထင်တယ် ။အဲ့လိုသာဆိုလို့ကတော့ ငါကလဲခေသူမဟုတ်ပါဘူး
ကျော်ဇေယျာနိုင်ပါ..သူတို့ထက်လည်လို့ငါအုပ်ကြီးလုပ်နေတာ။ ဟမ့်...သင်းလောက်ကတော့စာဖွဲ့မနေဘူး။တော်ပြီ...တော်ပြီ ဒီနေ့ကဆေးပေါင်းခတဲ့ည။
သင်းအကြောင်းတွေးပြီးစိတ်အနှောက်အယှက်အဖြစ်မခံနိုင်ဘူး။ သုပ်စားဖို့မယ်ဇလီဖူးနဲ့မြင်းခွာရွက်တွေသွားခူးတာပဲကောင်းတယ်။ဒီလိုနဲ့ငါလဲ ကိုယ့်အကြံနဲ့ကိုယ်စျေးဆွဲခြင်းကို
ဟန်ပါပါဆွဲလို့ ဂျပန်ဘုရားဝန်းထဲလျှောက်လာခဲ့လိုက်တယ်။ ဂျပန်ဘုရားဆိုပေမဲ့ ဟိုလိုရပ်ကွက်စေတီအကြီးတော့မဟုတ်ဘူး။ ငါတို့စျေးသွားတဲ့လမ်းနားက ဘုရားရုပ်ထုကိုငုံပြီးတည်ထားတဲ့စေတီငယ်လေးပဲ။ ဟိုးအရင်တုန်းက...ဂျပန်သူဌေးကြီးတစ်ယောက်ကတည်သွားတာလို့ပြောကြတယ်။အဲ့စေတီဝန်းကျင်မှာက ရေဝပ်တတ်တော့
ဆေးမြင်းခွာရွက်တွေတောထနေအောင်အလေ့ကျပေါက်တာ။မလှမ်းမကမ်းမှာလဲ မယ်ဇလီပင်ကြီးရှိတာမို့ ငါ့အတွက်တော့ဂွင်ပဲပေါ့။အဲ့ကိုရောက်တော့ ပထမဆုံးအနေနဲ့ငါလဲဝတ်လာတဲ့ပုဆိုးကိုချွတ်ချလိုက်ပြီး ၊နေအပူဒဏ်ကိုကာကွယ်ဖို့အတွက် ခေါင်းနဲ့ကိုယ်ကိုလုံအောင်ခြုံလိုက်တယ်။ တလွဲမတွေးကြနဲ့နော် အောက်မှာကာတွန်းဘောင်းဘီအတိုလေးပါတယ်။ မဟုတ်ရင်ရပ်ကွက်ထဲခွေးတစီစီဖြစ်သွားမှာပေါ့။
အဲ့ဒီနောက်မှာတော့ ရေထဲမှာအလေ့ကျပေါက်နေတဲ့
ဆေးမြင်းခွာရွက်တွေကိုအကျအနခူးပြီး ခြင်းထဲ
ထည့်နေလိုက်တော့တယ်။ဆေးမြင်းခွာရွက်ဆိုတာ အလေ့ကျပေါက်ပေမဲ့
သူ့ရဲ့အစွမ်းကိုတော့အထင်မသေးလိုက်နဲ့ငါ့ကောင်တွေ ကျန်းမာရေးအတွက်သိပ်ကောင်းတာကွ။
သူကသွေးလည်ပတ်မှုကိုလဲအားကောင်းစေတယ်၊
အသားလှစေတယ်၊ဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းမွန်စေတယ်။ကျန်တဲ့ကောင်းကျိုး
တွေလဲအများကြီးကျန်သေး။
YOU ARE READING
"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )
Short StoryFluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ်တွေမဖတ်သင့်ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~ Fluff,BL,Short story. "ေအး..ေအးကြာ..ခ်စ္တယ္ကြာဘာျဖစ္လဲ။...