[ဖိုက်တာလက်သစ်အုပ်ကြီး][Extra -3]

7.1K 673 202
                                    

Unicode
~~~~~~~

"ဘယ်လိုဖြစ်ရတာလဲ အုပ်ကြီးရာ။
အခုလိုလုပ်လိုက်တော့..အုပ်ကြီးနေရာအတွက်
ထိခိုက်လာနိုင်တယ်လေ။"

အချိန်ကမနက်သုံးနာရီ။အချုပ်ခန်းအရှေ့ကိုအူယားဖားယားနဲ့ရောက်လာတဲ့ စခန်းမှုးကိုသောင်းလှိုင်က ငါ့ကိုစိတ်ပူနေတဲ့ပုံနဲ့မေးလာတယ်။ဟမ့်..ဘာနေရာလဲ၊ ဘယ်နေရာကိုမှဂရုမစိုက်တော့လို့ စိတ်ကြိုက်လုပ်ပစ်ခဲ့တာလေ။

"တစ်ခုခုဖြေပါအုံး..အဲ့လိုကြီးကြောက်စရာကောင်းအောင်ထိုင်မနေပါနဲ့လား။ဟိုကောင်ထိန်လင်းကအုပ်ကြီးကိုတရားစွဲမယ်ပါလုပ်နေပြီလေ။"

"ကြိုက်တဲ့နေရာကစွဲ ကျွန်တော်လိုက်မှာပဲ။
အဲ့ကောင်ကိုအခုလိုလုပ်ခဲ့တာ နောင်တရဖို့မဟုတ်ဘူး။"

"ဟူး..အုပ်ကြီးနဲ့တော့ခက်တာပဲ။"

ကိုသောင်းလှိုင်ကတော့ ခေါင်းကိုအသာခါယမ်းပြီးအပြင်ကိုထွက်သွားလေရဲ့။

ခက်ခက်ပဲ..ဒီလိုကောင်ကိုလုပ်လို့ထောင်ကျမယ်ဆိုရင်ထောင်ထဲကို ကပြီးဝင်သွားလိုက်မယ်။ သင်းကြောင့်နဲ့စိတ်ရော၊ကိုယ်ပါဘယ်လောက်တောင်ပင်ပန်းခဲ့ရသလဲ။ အနှစ်နှစ်အလလ တည်ဆောက်ခဲ့တဲ့ငါ့ရဲ့နာမည်ရော၊ရပ်ကွက်ထဲကလူတွေရဲ့ယုံကြည်မှုကိုပါ သူ့ရဲ့စကားတစ်ခွန်းတည်းနဲ့ဖျက်ဆီးပစ်ခဲ့တာလေ။ ငါမဟုတ်ဘဲအပြောခံရတဲ့အတွက် ငါ့ဘက်ကဘာမှငြိမ်ခံနေစရာအကြောင်းမရှိဘူး။
ဒါကြောင့်ရန်ကြီးတို့ပြောနေတဲ့အသံကိုကြားတာနဲ့
သူတို့ထက်ဦးအောင် လမ်းကနေစောင့်ပြီး ခေါင်းရိုက်ခွဲပေးလိုက်တာပဲ။ ကျော်ဇေယျာနိုင်ကို ဘယ်ကောင်မှလာလှန်လို့မရဘူး။

ဘာပဲပြောပြောလုပ်ချင်တာလုပ်လိုက်ရတော့ စိတ်ထဲအတော်နေလို့ကောင်းသွားတာအမှန်ပဲ။ထောင်ကျလည်းဘာဖြစ်ယောက်ျားလေးပဲ အလည်အပတ်သွားတယ်လို့ခံစားလိုက်ရင်ရပြီ။ အတွေ့အကြုံတောင်ရသေးတယ်။

မင်းတို့သိလား..အဲ့ထိန်လင်းဆိုတဲ့ကောင်ရဲ့ မှတ်မိနိုင်စွမ်းကတော်ရုံမဟုတ်ဘူး။ ငါဒီလောက်ထိ ခေါင်းရော၊မျက်နှာတစ်ဝက်ကိုပါပုဆိုးနဲ့သေချာအုပ်ပြီးရိုက်တာတောင်ငါမှန်းတန်းသိတယ်။ဘာတဲ့.."မင်းရဲ့ပုတုတုအရပ်နဲ့မျက်မှန်ကိုမမှတ်မိဘူးများထင်နေလားတဲ့"အော်လိုက်သေး။ငါလဲသောက်မြင်ကတ်ကတ်နဲ့ဗိုက်ကိုပါသုံးချက်လောက်ဆင့်ကန်ပေးလိုက်တာပေါ့။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now