[အုပ်ကြီးရဲ့ဒေါသ][ Extra-2]

6.5K 656 46
                                    

Unicode
~~~~~~~

"ကျော်ဇေယျာနိုင်..!
ရပ်အုံး..စိတ်လိုက်မာန်ပါမလုပ်စမ်းပါနဲ့။"

ဖိုင်တစ်အိတ်ကိုင်ကာ
သူ့လက်ထဲကနေအတင်းရုန်းထွက်ပြီး ရှေ့ဆက်တိုးဖို့
ဦးတည်နေတဲ့လူကို ​ရန်ငြိမ်းအောင်မနည်းထိန်းနေရတယ်။

"မင်း..ငါ့ကိုလွှတ်စမ်း!"

အပုလေးကဒေါသတကြီးနဲ့ သူ့ခြေထောက်တွေကိုလှုပ်ခါပြီးအော်ဟစ်လာတာမို့ သူ့မှာရွေးချယ်စရာမရှိ​တော့။ ဆွေ့ဆွေ့ခုန်နေသူကိုခါးကနေမချီကာအိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်ရတယ်။

"ရန်ငြိမ်းအောင်..အား..မင်းငါ့ကိုလွှတ်။
ငါလုံးဝဆက်မလုပ်တော့ဘူး..!။"

"စိတ်ကိုထိန်းစမ်း!!
မင်းတကယ်ပဲ စွန့်လွှတ်နိုင်လို့လား။"

တဖြည်းဖြည်းနဲ့သေးကွေးလာသူခမျာ
ရုန်းကန်နေရာကနေအရှိန်မထိန်းနိုင်ဘဲ
အိမ်ရှေ့ကကွက်ပျစ်ပေါ်ကိုကွေးကွေးလေး ပြုတ်ကျသွားတာမြင်ရတော့ မချိတင်ကဲဒေါသတို့ကထောင်းခနဲ။အကျိုးဆက်ကတော့ လေသံမာမာနဲ့အော်မိသွားပြန်တာဖြစ်တယ်။

ပုံမှန်အခြေအနေဆိုအခုလိုအော်တာကကိစ္စမရှိပေမဲ့
အခုကအရင်လိုမဟုတ်တော့တာမို့ စိတ်တွေကိုအတတ်နိုင်ဆုံးလျှော့ချပြီး အပုလေးရဲ့ကျောကုန်းကိုဖြည်းဖြည်းချင်းပွတ်သပ်ပေးနေမိတယ်။ခြံပြင်မှာစပ်စုနေတဲ့ မျက်လုံးတွေသာမရှိရင်ဒီ့ထပ်ပိုပြီးလုပ်နိုင်မယ်ထင်ရဲ့။

"ကိုယ်ပြောတာနားထောင်ပါအုံး..မင်းတကယ်ပဲစိတ်ပျက်နိုင်တာသေချာရဲ့လား။"

ရင်ထဲကအောင့်သက်သက်ခံစားချက်ကို လျစ်လျူရှုပြီးမေးမိလေတော့ ​ပြန်ကြည့်လာတဲ့မျက်ဝန်းညိုလေးတွေဟာနွမ်းလျစွာ။

"သူတို့ကရော..ငါ့ကိုဆက်ရှိစေချင်တာသေချာရဲ့လား။"

လေတိုးသံလေးအလား တိုးညှင်းဖျော့တော့နေတဲ့
​အသံပိစိလေးကိုကြားလိုက်ရတဲ့အချိန်မှာတော့
ရန်ငြိမ်းအောင် ဒီတစ်ယောက်ကိုခေါ်ပြီး ကမ္ဘာအဆုံးထိခေါ်သွားလိုက်ချင်မိတာပဲသိတော့တယ်။ လူတွေနဲ့အဝေးဆုံးတစ်နေရာကိုပေါ့။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now