[ရင်းရကျိုးနပ်သွားတဲ့အုပ်ကြီး]

8.1K 906 197
                                    

Unicode
~~~~~~~

"မနေ့ကငါပြန်သွားတော့ ကျော်ဇေယျာနိုင်
ဒီကိုရောက်လာသေးလား။"

ချစ်ကံကောင်းကမ်းပေးလာတဲ့ အီကြာကွေးနဲ့လက်ဖက်ရည်ထုပ်ကိုလှမ်းယူရင်းက သူမေးလိုက်ရတယ်။

"မလာပါဘူး... ဘာလဲချိန်းထားကြလို့လား!။"

မေးခွန်းနဲ့အတူရောက်လာတဲ့အကြည့်တွေကစူးစူးရဲရဲမို့ရန်ငြိမ်းအောင် ရဲ့လက်ခုံက သွေးကြောတွေဟာတင်းခနဲ။သူ့ကိုဒီလိုကြည့်ရဲတယ်လား..ဖြတ်ရိုက်လိုက်ရ!။

'ရန်ကြီး...!'

နာမည်ကိုလှမ်းခေါ်လာတဲ့ တစ်စုံ​တစ်ယောက်ရဲ့မျက်နှာသေးသေးလေးက မြင်ကွင်းထဲရုတ်တရက်ပေါ်လာတာမို့ တင်းထားတဲ့လက်သီးကို​ သူဖြန့်ချလိုက်ရတယ်။မဖြစ်သေးပါဘူး..အပုလေးမျက်နှာကရှိသေးတယ်။ သူ့မိတ်ဆွေကိုရိုက်လို့ဆိုပြီး ကောက်သွားမှဖြင့်။

"မင်းအလုပ်မဟုတ်ဘူး..လာမစပ်စုနဲ့!။"

ဒီလိုနဲ့ ရန်ငြိမ်းအောင် ကိုယ့်အကြံအစည်နဲ့ကိုယ်
မနက်စာထုတ်လေးဆွဲပြီးလဖက်ရည်ဆိုင်ထဲကထွက်လာလိုက်တယ်။မနေ့ကလေးနာရီဆုံကြမယ်ဆိုပြီး ရောက်မလာခဲ့လို့သူ့မှာဆိုင်ပိတ်တဲ့အထိစောင့်နေခဲ့ရတာ။ သောက်ပုကိုအရိပ်တောင်မမြင်ခဲ့ရဘူး။

မလာနိုင်ဘူးဆိုလဲ လူလွှတ်ပြီးအကျိုးအကြောင်းပြောခိုင်းပါ့လား၊ အခုတော့လူကိုစိတ်မတင်မကျဖြစ်အောင်လုပ်ပြီး ပျောက်နေတယ်။ အိမ်အထိလိုက်ပြီး ခပ်ကြမ်းကြမ်းနမ်းပစ်လိုက်အုံးမယ်။
.
.
.
.

ကျိန်းစက်နေတဲ့ဦးခေါင်းတစ်လုံးနဲ့၊ ကိုယ်ခဲနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြောင့် ငါအိပ်ရာထဲကမထနိုင်ဘူး။ အပူရှိန်ကလဲငွေ့ငွေ့နဲ့မို့ ဖျားနေပြီမှန်းငါသိလိုက်တယ်။မနေ့ကအရိုက်ခံရတာများ ဒီဆယ်စုနှစ်တွေအတွင်းမှာအပြင်းဆုံးပဲ။အဖေက​ရုတ်တရက်ရောက်လာပြီး ဝင်ဆွဲလို့မဟုတ်ရင် ဆံပင်အစွဲခံရတာနဲ့တင် ခေါင်းတုံးဖြစ်နေလောက်ပြီ။

ရန်ကြီး...ငါ့ရည်းစားလေး အခုလောက်ဆိုဘာလုပ်နေလောက်မလဲ။ မနေ့ကငါမသွားလို့ နှုတ်ခမ်းကြီးစူပြီးကောက်ချိတ်နေလောက်မလား၊ ဒါမှမဟုတ်လဲ
ဒေါသူပုန်​ထနေလော​က်ပြီ။ စိတ်ဆိုးပြီးငါ့ကိုသမဖို့လာရှာရင်ကောင်းမယ်၊အဲ့တော့မှအခန်းသွင်းအကျဥ်းချနှိပ်စက်ခံနေရတဲ့ ငါ့ရဲ့သနားစရာဘဝလေးကိုတွေ့မှာ။ ချီး..တွေးရင်းနဲ့တောင်ရင်ထဲထိသွားပြီ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now