[ရည်းစားပူမိတဲ့အုပ်ကြီး][Final Extra]

5.6K 451 121
                                    

Unicode
~~~~~~~

[မဖတ်ခင် အဆိုတော်ကံကော်တောမျိုးအောင်
ရဲ့ 'လက်ညိုးပေါင်းတစ်ထောင်၊မျက်လုံးပေါင်းတစ်သိန်း' နားထောင်ကြည့်ပါရန်။]

မိုးရွာနေတာသုံးရက်ရှိပြီ။ရပ်ကွက်ထဲကလမ်းတွေထဲမှာရေတွေနဲ့ပြည့်နေလို့မနေ့ကတင် အုပ်ချုပ်ရေးမှူးရုံးကသဲအိတ်တွေလာဖို့ပေးသွားလေရဲ့။ ဆွေးဆွေးမြည့်မြည့်ကြီးရွာနေတဲ့မိုးကအကျိုးနည်းချမ်းလွန်းလို့ငါ့မှာရေတောင်ဆင်းမချိုးနိုင်ဘူး။ စောင်ခြုံထဲမှာကွေးနေရင်းနဲ့ပဲ ရေလွှမ်းနေတဲ့လမ်းကိုသာငေးကြည့်နေမိတယ်။

နွေမဟုတ်ဘဲလဲ..သစ်ရွက်လေးတွေကြွေတတ်ပါတယ်​။

နွေမဟုတ်ဘဲလဲ..စမ်းကလေးတွေ ခမ်းတတ်ပါတယ်

"ဟာ...အမေကလဲ ဒီလောက်မိုးတွေရွာနေတာကို
ဘာကိစ္စ နွေမဟုတ်ဘဲလဲလုပ်နေတာတုန်းဗျာ။"

"အပေါက်ပိတ်ထား ငါ့ကိုဆရာလာမလုပ်နဲ့။
ငါကြိုက်လို့ဖွင့်တာဘာဖြစ်တုံး!။"

အိမ်ထဲကနေ ကတ်ဆတ်သီချင်းထဖွင့်လာတဲ့ ငါ့အမေလဲဘာတွေလွဲမှားနေမှန်းမသိပါဘူး။စိတ်ညစ်ရတဲ့အထဲကန့်ကော်တောမျိုးအောင်နဲ့စိတ်ဒုက္ခပါထပ်ပေးနေတာမို့နားကိုလက်နဲ့ပိတ်ထားလိုက်ရတယ်။ ဒါပေမဲ့လဲကြားနေရတုံးပါပဲကွာ။

သြော်..ရက်စက်အမုန်းတွေမောင့်ကိုပေးမဲ့
မျက်နှာလေး။

"ဆောက်ပုကောင်..မင်း..ငါ့ရှေ့လုံးဝပေါ်မလာနဲ့!"

စာသားအဆုံးမှာမျက်လုံးထဲပြေးဝင်လာတဲ့
ရန်ငြိမ်းအောင်ရဲ့ပုံစံကြောင့် ငါမျက်လုံးတွေကို
ယောင်ယမ်းပြီးမှိတ်ပစ်လိုက်ရတယ်။

သြော်..မချိတဲ့အပြုံးကိုကြည့်ပါအုံးလို့အရှက်ပြေလေး......

ရန်သူလို..နှင်ရက်သော..သွေးပျက်ဖွယ် ..လက်ညိုးပေါင်းတစ်ထောင်။

"သစ္စာမရှိတဲ့မင်းလိုဂန်ဒူးနှာဘူးနဲ့မပတ်သက်ဘူး
ရှင်းလား!!"

မတန်သလိုနှိမ်ကြည့်သော ရက်စက်တဲ့ မျက်လုံးပေါင်းတစ်သိန်းထဲမှာ ..

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now