[အချော့ခံရတဲ့အုပ်ကြီး]

12.2K 1.1K 264
                                    

Unicode
~~~~~~~

အခုချိန်မှာ နိုင်ငံတော်သမ္မတကြီးကမင်းလက်ထဲကို
ရတနာအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ဓားတစ်လက်ပေးလာပြီး"ကြိုက်တာရွေး"လို့ပြောလာရင်
မင်းဘာလုပ်မလဲ။

အေး..ငါဆိုတဲ့​ ကျော်ဇေယျာနိုင် ကတော့ ကျိန်း​သေပေါက်ဓားကိုပဲရွေးမှာ။ ပြီးရင် ရန်ငြိမ်းအောင် လို့ခေါ်တဲ့လူယုတ်မာရဲ့ ကျက်သရေရော၊မေတ္တာတရားပါကုန်ခမ်း​နေတဲ့ မျက်နှာဖြူဆုတ်ဆုတ်ကို ဓားနဲ့ချည်း
ငါးမွှန်းသလိုမွှန်းပြီး၊ ဂျပန်ကင်ပေတိုင်တွေလို
မသေမချင်းနှိပ်စက်ပစ်မှာ။

တကယ်...တကယ် ငါသာထောင်ကျပြီး မိန်းမမရမှာကိုကြောက်နေတာမျိုးမရှိရင် ငါအဲ့ကောင်ကိုတကယ်သတ်ပစ်တယ်။

ငါ့ရဲ့အနမ်းဦးကိုများ သင်းကရာရာစစနဲ့ နှိုက်မြည်းရဲတယ်။ ဒီကောင့်ကိုလက်စားမချေရရင်
ငါကျော်ဇေယျာနိုင်အုပ်ကြီးမလုပ်တော့ဘူး။

ဒီလောကမှာရှိတဲ့ လူတိုင်း၊လူတိုင်းမှာ ပြန်မပြောချင်လောက်အောင် ခါးသီးတဲ့အရှက်ရဖွယ်ရာကိစ္စတွေရှိ
ကြတယ်။မင်းမှာလဲရှိတယ်၊ ငါ့မိဘတွေမှာလဲရှိတယ်၊ ငါ့မှာလဲရှိတယ်။ဒါကိုမှ "မရှိပါဘူး ငါတို့ကအနေအေးပါတယ်၊ရိုးသားတယ်"ဘာညာ လီဆယ်ချင်နေရင်တော့ "စဥ်းစားလေ၊ဆုတောင်းပေါ့"လို့ပဲပြောလိုက်ချင်ရဲ့။

အခုချိန်မှာ ငါဒေါသအထွက်ရဆုံးကဘာလဲဆိုတော့
အဲ့ဒီအရှက်ရစရာကောင်းတဲ့ကိစ္စက ရန်ငြိမ်းအောင်
ဆိုတဲ့ ကောင်နဲ့တိုက်ရိုက်ပတ်သက်နေလို့ပဲ။

ငါက 'အေးချမ်းသာယာ'ရပ်ကွက်ရဲ့ အုပ်ကြီး
နာမည်တစ်လုံးတည်းနဲ့နေတာ။ အေး..'နာမည်လေးလုံးလေ'ဆိုပြီး မျက်နှာလာမပြောင်နဲ့နော် တစ်ခါတည်းဓားမွှန်းခံရမဲ့ထိပ်ဆုံးစာရင်းထဲပါ
သွားမှတ်။

"ငါကအရှက်နဲ့လူလုပ်တာကွ.."
ဆိုပြီး အဲ့လို​​မြန်မာကားဆန်ဆန်ပြောမယ်ထင်နေလား။ ထင်နေရင်တော့ ကိုယ့်ခေါင်းကိုယ်ဖြုတ်
ရေနဲ့ဆေးပြီးမှပြန်တပ်လိုက်ကြ။ ငါက အရှက်နဲ့ရောအသက်နဲ့ပါလူလုပ်တာ။ ငါဒီလိုအလုပ်ခံလိုက်ရလို့
မရှက်ဘူးတော့မဆိုလိုပါဘူးရှက်တာပေါ့ ၊
ဒါပေမဲ့ ဒေါသကပိုကြီးတယ်။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now