[ဖွင့်ပြောခံရတဲ့အုပ်ကြီး]

10.5K 1K 325
                                    

Unicode
~~~~~~~

ဒီအပိုင်းနဲ့ပတ်သက်လို့စာရေးသူမှာ ပြောစရာရှိပါတယ်။ ပထမအချက်က LGBT နဲ့ပတ်သက်တဲ့အသုံးအနှုန်းပိုင်း Sensitive ဖြစ်ရင်ကျော်သွားပါ။
'အခြောက်'ဘာညာ၊ဆဲတာ၊ပါပါတယ်။ Character
ရဲ့ခံစားချက်၊ကာလအခြေအနေ ၊ လူတွေရဲ့ဖြစ်တတ်တဲ့စရိုက်အတိုင်းထည့်ထားတာပါ။ ဇတ်ကောင်တွေကိုရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ဆဲတာကိုခွင့်မပြုပါဘူးဗျ။ ဒါဆိုဆက်ဖတ်လို့ရပါပြီနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အေးစိမ့်စိမ့်ဖြစ်နေတဲ့ပတ်ဝန်းကျင်မှာ ငါ့ခန္ဓာကိုယ်က
ရန်ငြိမ်းအောင် ရဲ့ရင်ခွင်နွေးနွေးထဲကျရောက်နေခဲ့တယ်။နှာခေါင်းထဲကိုတဖြည်းဖြည်းတိုးဝင်နေတဲ့
ဝါးစိမ်းနံ့နဲ့အတူငါ့ပါးစပ်ထဲက ရန်ငြိမ်းအောင် လျှာဖျား​က သွေးစုပ်မျှော့တစ်ကောင်လို ပိုပြီးမြန်မြန်လှုပ်ရှားလာတာမို့ငါ့မှာအသက်ရှုကျပ်လာရတယ်။

'ဒီမအေဘေးလေးကတော့!။'

ငါတိတ်တဆိတ်ကျိန်ဆဲလိုက်ပြီး ငါးစပ်ထဲက
သူ့ရဲ့လျှာကိုကိုက်ချပစ်လိုက်တယ်။

"အာ့...ကျော်ဇေယျာနိုင်!"

အတော်ထိသွားပုံရတဲ့ ရန်ငြိမ်းအောင်က ယောင်ယမ်းပြီးလွှတ်ပေးလာတော့မှငါလဲအသက်ဝဝရှုလို့ရတော့တယ်။ လူဖြစ်လာတဲ့တစ်လျှောက် အလကားရတဲ့လေကိုအခုလိုအငမ်းမရရှုရလိမ့်မယ်လို့တစ်ခါမှမတွေးမိဖူးဘူး။

"အွန်း..ရန်..အွတ်!"

ချီးပဲ... ဒီခွေးသားလေးက ငါ့ကိုတကယ်သတ်ချင်နေတာပဲ။ ဒုတိယအကြိမ် ငါ့ပါးစပ်ထဲကိုကျူးကျော်လာတဲ့​လျှာကြောင့်သွေးအရသာအချို့ကိုပါငါခံစားမိလိုက်တယ်။ ခပ်မြန်မြန်ပွတ်တိုက်နေတဲ့နှုတ်ခမ်းတွေ​နဲ့ သူ့ရဲ့ဝင်လေထွက်လေကမျက်နှာကိုရိုက်ခတ်နေတာမို့ ငါ့စိတ်ထဲပိုလန့်လာရတယ်။ဒီကောင်..အတည်ကြီးလုပ်နေတာဟ။

ငါ့နားထဲမှာ'ဒီကောင်မဟုတ်တော့ဘူး'ဆိုတဲ့အချက်ပေးသံတွေနဲ့ဆူညံသွာရပြီး အချုပ်ခံထားရတဲ့လက်တွေကြားကနေရုန်းထွက်လို့၊ခန္ဓာကိုယ်နဲ့လဲ ရန်ငြိမ်းအောင် ကိုတွန်းထုတ်နေလိုက်တယ်။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now