[ပျော်ပျော်ပါးပါးကြက်သွန်နီစားကြခြင်း]

8.4K 882 182
                                    

Unicode
~~~~~~~

[ဤခေါင်းစဥ်သည် စာဖတ်သူများအတွက်သာအကျုံးဝင်၏။]

"ဦးဦး...!"

မခင်မာသီ ရဲ့ သားလေးက ခြေထောက်ကိုပြေးဖက်
လာတာမို့ ငါလဲသူ့ကိုကောက်ချီလိုက်ရတယ်။
ကြားထဲကသုံးရက်မှာ အိမ်ကိစ္စကိုအစအဆုံးလိုက်လုပ်ပေးခဲ့ရတဲ့ ငါ့ကိုကလေးကရင်းနှီးနေတာမဆန်းတော့ပါဘူး။ အခုလဲမနက်ဖြန်အိမ်တက်မို့ အမေ့ရဲ့ချောဆွဲရာနောက်ကိုဝိုင်းကူဖို့ ပါလာခဲ့ရတာ။

ညခုနစ်နာရီလောက်မို့ အောက်လင်းဓာတ်မီးကို ထိန်နေအောင်ထွန်ပေးထားတဲ့ရန်ငြိမ်းအောင်ရဲ့ခြံကျယ်ထဲမှာမခေမာသီတို့ရဲ့ လုံးချင်းအိမ်လေးက သေသေသပ်သပ်နဲ့ရှိနေတယ်။ အရှေ့ဘက်မျက်နှာစာမှာတော့ အုတ်ခံပြီးဆောက်ထားတဲ့နှစ်ထပ်အိမ်ကြီးကခန့်ခန့်ထည်ထည်ရှိပြီး၊ အနောက်ဘက် မြေလွတ်နေရာမှာတော့ မခင်မာသီတို့ရဲ့လုံးချင်းအိမ်အပြင် တရုတ်စကားပင်အပုလေးတွေနဲ့ ၊ သီးပင်စားပင်အချို့ကိုမြေအိုးထဲထည့်ပြီးစိုက်ထားသေးတယ်။

ပြောရမယ်ဆို ရန်​ငြိမ်းအောင်တို့ရဲ့အိမ်နောက်ဖေးနဲ့
လုံးချင်းအိမ်က ကြားထဲမှာဆယ်ငါးပေလောက်ခြားပြီးမျက်နှာချင်းဆိုင်ရှိနေကြတာပေါ့။ ပြီးတော့ငါ့ရည်းစားလေးက အမျိုးသမီးတွေဝယ်ရထွက်ရလွယ်အောင်ဆိုပြီး အနောက်ဘက်မှာလည်း ခြံတစ်ခါးတစ်ခုလုပ်ပေးထားသေးတာ။ဘယ်လောက်တောင်စိတ်ထားကောင်းလိုက်သလဲ။

ငါတို့သားအမိ​ခြံထဲကိုလျှောက်ဝင်လာတော့
အိမ်ရှေ့ကွက်ပျစ်ပေါ်မှာထိုင်ပြီးကြက်သွန်ခွာနေတဲ့
အန်တီဒေါ်ခင်ကြည်က မြင်သွားပုံရပြီး
လှမ်းနှုတ်ဆက်လာတယ်။

"ဟယ်..စန်းယဥ်တို့လာကြလေ!"

"အလိုတော်..ဧည့်ခံနေစရာလိုတဲ့ဆက်ဆံရေးလား။
ကျုပ်တို့သားအမိကမနက်အတွက်ကူလုပ်ပေးဖို့လာခဲ့တာခင်ကြည်ရဲ့။"

လုပ်လက်စအလုပ်တွေကိုရပ်ပြီး နေရာချပေးလာတဲ့
အန်တီဒေါ်ခင်မာကြည်ကို ငါ့အမေက ပြောလိုက်တာ။
ငါကတော့..လူပေါ်အတင်းကုပ်တွယ်ပြီးဖက်ထားတဲ့ကလေးနဲ့တိုင်ပတ်နေတာပေါ့။ ကလေးနာမည်က
ဖိုးလပြည့် တဲ့။အနေအေးတဲ့ကလေးပေမဲ့ အရမ်းတွယ်တာတတ်တဲ့ပုံမျိုး။ငါ့ကိုယ်တွေ့ရင် ပြေးလာပြီးအတင်းချီခိုင်းတော့တာပဲ၊ပြီးရင်ကိုယ်ပေါ်ကနေတော်တော်နဲ့မဆင်းတော့ဘူး။ငါကလဲကလေးချစ်တတ်တဲ့လူမျိုးမဟုတ်ပေမဲ့ ဖခင်ဖြစ်သူနဲ့ခွဲနေရတာဆိုတော့ သနားမိတာမို့အလိုက်အထိုက်လေးနေပေးမိတယ်။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now