Yan Nyein Aung Point Of View

8.6K 911 162
                                    

Unicode
~~~~~~~

['သွေးတက်သွားတဲ့အုပ်ကြီး'အခန်းမှ-]

ရန်ငြိမ်းအောင် ဓမ္မာရုံထဲကိုရောက်ရောက်ချင်း ပတ်ဝန်းကျင်တစ်ဝိုက်ကိုမျက်စိကစားကြည့်လိုက်မိတယ်။ ဟော...တွေ့ပါပြီရေခဲမုန့်တွေကိုပါးစပ်နဲ့
အပြည့်တမြုံ့မြုံ့ဝါးနေတဲ့ တစ်စုံတစ်ယောက်ကိုပေါ့။

အရပ်ပုလို့မတွေ့ဘူးလို့တော့မထင်လိုက်နဲ့
ရာနဲ့ချီပြီးရှိနေတဲ့လူအုပ်ထဲမှာလဲ သူက
ကျော်ဇေယျာနိုင်ကိုအကြည့်တစ်ချက်နဲ့တင်တွေ့အောင်ရှာနိုင်တယ်။

အဲ့ဒါနဲ့သူလဲ အလှူရှင်ကိုတစ်ချက်နှုတ်ဆက်
ပြီးတာနဲ့ ကျော်ဇေယျာနိုင်ထိုင်နေတဲ့ဝိုင်းဆီကိုလျှောက်သွားလိုက်တယ်။

"တစ်ချို့တွေများမျက်နှာလိုက်ချက်က
အလှူလုပ်တာတောင်မျက်နှာကြီးရာ
ဟင်းဖတ်ပါဟေ့။"

ကိုယ့်ဟာကိုယ်အေးဆေးမစားဘဲ စသလိုလို၊နောက်သလိုလိုနဲ့လျှာရှည်နေတဲ့ ကောင်တွေကြောင့် ကြည်လင်နေတဲ့သူစိတ်တွေလဲနောက်ကျိသွားရတယ်။ စားဖို့ပဲပြင်နေတဲ့သောက်ပုက ဒါမျိုးဆိုပြန်ပြောဖော်မရတာမို့သူ့မှာကြားကနေဝင်ပြောလိုက်ရတယ်။

"မျက်နှာပဲကြီးကြီး ၊ ဘာပဲကြီးကြီး
ခင်ဗျားတို့အပူပါလား..အလှူရှင်ကစေတနာပါလို့
ထည့်ပေးတာလေ။သူများအလှူလာပြီး စားမာန်လာခုပ်နေကြတယ်။"

သူ့လူကိုသူပဲပြောမယ်၊သူပဲစမယ်၊ ကျန်တဲ့ကောင်တွေအဲ့လိုလုပ်ခွင့်မရှိဘူး။ရှေ့ကအုပ်စုကိုခပ်စူးစူး​စိုက်ကြည့်ပြီး ဖိဟောက်လိုက်တော့မှ အကုန်လုံးလည်းငြိမ်ကျသွားတယ်။ သတ္တိကျမရှိဘူး၊သူများကိုဝေဖန်ချင်သေးတယ်။

ဒီလိုနဲ့သူကသာ တစ်ဖက်လူဘေးမှာဝင်ထိုင်ပြီး
'ရောက်တာကြာပြီလား'လို့နှုတ်ဆက်လိုက်ပေမဲ့
ကျိန်းသေပေါက် သောက်စားငမ်းနေတဲ့ကောင်က
'အေး'တစ်လုံးတည်းဖြေပြီး လျစ်လျူရှု့တာကို
ခံလိုက်ရတာမို့ ရင်ထဲမှာအောင့်သက်သက်နဲ့
ခံစားလိုက်ရပြန်တယ်။

ဒါပေမဲ့လဲ ဒါဟာကျော်ဇေယျာနိုင်ရဲ့အကျင့်ပေမို့
သူ့မှာအပြစ်မမြင်ရက်ပြန်ဘူး။ ဒီအပြုအမူတွေကလည်းသူကြွေရတဲ့အချက်တွေထဲကတစ်ခုမလား။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now