[အဆင့်တက်သွားတဲ့အုပ်ကြီး][ဇတ်သိမ်း]

10.5K 1K 361
                                    

Unicode
~~~~~~~

"အမေဒီနေ့မှဘာလို့ရေအများကြီးချိုးနေတာလဲ။"

ကျောက်စည်ရှေ့မှာထိုင်ပြီး စိမ်ပြေနပြေရေထိုင်ချိုးနေတဲ့အမေ့ကိုငါမေးလိုက်တယ်။ ချိုးနေတာနာရီဝက်မကတော့ဘူး၊ဆပ်ပြာလဲသုံးခေါက်လောက်တိုက်ပြီးနေပြီကိုအအေးပတ်ရင်ဘယ်လိုလုပ်မလဲ။

"ချိုးတော့ဘာဖြစ်လဲပြော နင်ကဟိုတစ်ယောက်လာခပ်ပေးထားလို့ဆိုပြီး ငြိုင်ငြင်တာလား။"

ဟိုတစ်ရက်ကိစ္စပြီးကတည်းက တွေ့သမျှရန်လိုနေတဲ့အမေ့ကိုအဖေကပါမနိုင်တော့ ငါလဲလက်​လျော့ထားရတော့တာပေါ့။ မျက်စောင်းကြီးတခဲခဲနဲ့တွေ့သမျှလူဂျစ်တိုက်နေတော့တာ။

ဒီကြားထဲမယ် ရန်ငြိမ်းအောင်က သူ့ကိုအသိအမှတ်ပြုပေးပါဆိုပြီး မနက်ဆိုလဲကျောက်စည်ထဲရေလာဖြည့်ပေး၊ မုန့်လာပို့ပေး၊စျေးဝယ်လာပေးနဲ့ သူ့ခမျာစိတ်ရင်းနဲ့ကိုကြိုးစားနေရှာတာ။
အမေကတော့ဒါကိုအသုံးချပြီးငါ့ကိုပါမဲနေလေရဲ့။

"အမေကြာနေပြီနော် ဖျားတော့မယ်။
ကျွန်တော်လဲသွားရတော့မဲ့ဟာ။"

"မချိုးဘူးဟေ့. .မချိုးဘူးဟဲ့။
တကတည်းအခုမှလာပြီးနှမျောနေလိုက်တာဆိုတာ။"

အဲ့လိုပြောပြီးစောင့်စောင့်အောင့်အောင့်နဲ့ထွက်သွားတော့မှ ငါအလှည့်ရောက်တယ်။ဒါတောင်မချိုးဘူးဆိုလို့ပဲ...ကျောက်စည်တစ်ဝက်ကျိုးနေပြီ၊ချိုးများချိုးလို့ကတော့ငါ့ရည်းစားလေးခါးချည့်ရချည်ရဲ့။

ရေကိုခပ်သုတ်သုတ်ချိုး၊အိမ်ပေါ်တက်အဝတ်အစားလဲပြီးတဲ့နောက်မှာ ရန်ကြီး ကငါ့အိမ်ကိုဒုတိယအကြိမ်မြောက်ရောက်လာတယ်။ မနက်စာလာပို့ပေးတာလေ။

သူကလဲအကုန်ပြင်ဆင်ပြီးနေပြီ ငါဝယ်ပေးထားတဲ့ ကော်လံခေါင်းတုံးအဖြူကို မြကြာဖြူတံဆိပ်ချည်ချောလုံချည်နက်ပြာရောင်ကွက်စိပ်လေးနဲ့တွဲဝတ်ထားတယ်။

"အန်တီကြိုက်တယ်မလား နန်းကြီးသုပ်လေ။
ဦးလေးလဲစားပါဗျ။"

"ရပါတယ်...မောင်ရန်ကြီးရယ်ဒီလောက်အထိမလိုပါဘူးကွာ။တစ်နေ့ကိုခဏခဏလာရတာပင်ပန်းတယ်၊အလုပ်လည်းပျက်တယ် နောက်ရက်တွေမလာနဲ့တော့။"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now