[အကြော်ဆိုင်ကအချိုအချဥ်]

9.2K 962 263
                                    

Unicode
~~~~~~~

ဒီလိုနဲ့တစ်နေကုန် ရုပ်ရှင်ကြည့်၊ ဗိုလ်ချုပ်စျေးထဲလျှောက်ပတ် ပြီးတဲ့နောက်မှာတော့ ညနေလေးနာရီကျော်လောက်လဲရောက်ရော ငါတို့လဲ အင်းလျားဘက်ကိုဘူးသီးကြော်စားဖို့ရောက်လာခဲ့ကြတယ်။

အင်းလျားကန်ရဲ့ အဝင်ဝလမ်းဘက်မှာရှိတဲ့ 'ကျောက်ခဲ 'ဆိုတဲ့ အကြော်စုံဆိုင်က ငါတို့ဆယ်ကျော်သက်အရွယ်ကတည်းကရှိတဲ့ဆိုင်။
အဲ့တုန်းကဆို တက္ကသိုလ်တက်တဲ့သူငယ်ချင်းကောင်တွေနဲ့လိုက်ပြီးဘူသီးကြော်ကပ်စား၊ မြာ လေးတွေကိုလိုက်ကြည့်ပေါ့ကွာ။ တော်တော်ပျော်စရာကောင်းခဲ့တာ မှတ်မိသေးတယ်။

စိမ်းစိုနေအောင်စိုက်ထားတဲ့ဗာဒန်ပင်တွေအောက်မှာ
အင်းလျားကန်ရဲ့ မြင်ကွင်းကိုသေချာကြည့်လို့ရအောင်သစ်သားခုံလေးတွေကို ကန်ဘက်မျက်နှာမူထားပေးတယ်။ အပင်ရိပ်ကလဲကောင်း၊ ကန်ကိုဖြတ်တိုက်လာတဲ့လေကလဲအေးအေးလေး နဲ့ အကြော်အရသာကလဲကောင်းတာမို့ထင် အခုထိကိုဆိုင်မှာလူတွေပြည့်နေရောပဲ၊ထိုင်စရာနေရာတောင်မရှိတော့တာမို့ ငါတို့တွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။

"အစ်ကိုတို့..ပါဆယ်ပဲရတော့မယ်ဗျ။"

ဝိုင်းတစ်ဝိုင်းဆီမှာအကြော်ပွဲချပြီးပြန်လာပုံရတဲ့အကူကောင်လေးကငါတို့ကိုပြောလာတယ်။
ရန်ငြိမ်းအောင်ကလဲစိတ်ညစ်သွားပုံပဲ။ အေးလေ..အကြော်စားတယ်ဆိုတာဆိုင်မှာစားတာကမှပိုအရသာရှိတာကို။ ဒါကြောင့်ငါလဲချောင်းတစ်ချန့်ဟန့်ပြီး ကြားထဲကဝင်ပြောလိုက်ရတယ်။

"ကောင်လေးရာ..လူရှင်းတဲ့ဟိုးဘက်မှာ ဝိုင်းတစ်ခုလောက်ချပေးလို့မရဘူးလား။"

"ငါတို့ကဒီမှာဆိုင်ထိုင်စားဖို့
မကွေးကနေလာရတာကွ။"

တမင်တကာလိမ်လွှတ်လိုက်တဲ့ငါ့စကားကို
ကောင်လေးကတကယ်ထင်သွားတဲ့ပုံ။
မျက်ခုံးတွေတောင်မြင့်သွားလေရဲ့။

"မ..မကွေးကနေ ဟုတ်လား။"

"ဟုတ်တယ်ကွ..အရင်ကငါဒီကိုအသိတစ်ယောက်နဲ့
တစ်ခါလာဖူးတယ်။ အကြော်အရသာလဲကောင်း
မြင်ကွင်းကလဲအေးအေးဆေးဆေးရှိတော့ ငါ့မှာ
မကွေးရောက်တဲ့အထိကို အိမ်ကအမျိုးတွေကိုဖောက်သည်ချနေတာ။ မကွေးမှာကျဒီလိုဆိုင်မျိုးမရှိဘူးလေကွာ။အဲ့တာ ဒီကငါ့ညီလေးက ကိုကြီးသားလဲစားချင်တယ်ရန်ကုန်သွားရင်ခေါ်ပါဆိုလို့
ငါ့မှာတကူးတကခေါ်လာရတာ။"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now