[လဖက်ရည်ဆိုင်ကအန္တရာယ်]

11.9K 1.1K 197
                                    

Unicode
~~~~~~~

ငါတို့ရဲ့အေးချမ်းသာယာရပ်ကွက်မှာ အဓိကရပ်ကွက်မျက်နှာဖုံးနှစ်ယောက်ရှိတယ်။ပထမတစ်ယောက်ကတော့ မရှိမဖြစ်အုပ်​ကြီး တစ်ဖြစ်လည်း ကျော်ဇေယျာနိုင် လို့အများကခေါ်ကြတဲ့ငါလေးပေါ့။ နောက်တစ်ယောက်ကတော့ ငါတို့ရပ်ကွက်ထိပ်
ကားလမ်းမကြီးရဲ့ဟိုဘက်အခြမ်းက'ဘောဂ'ဆိုတဲ့
လဖက်ရည်ဆိုင်ပိုင်ရှင် ဦးချစ်စရာပဲ။

ရှေ့၊နောက်၊တောင်၊မြောက် လေးပင်ပေါက်နေတဲ့
ဗာဒန်ပင်ကြီးတွေရဲ့အောက်မှာ သစ်သားစားပွဲလေးတွေ၊ကော်ခုံလေးတွေကိုအစီအရီချထားတဲ့'ဘောဂ'လက်ဖက်ရည်ဆိုင်က
ဒီဘက်ကတ္တရာ ကားလမ်းဘက်ကနေလှမ်းကြည့်
ရင် တောအုပ်လေးထဲမှာဆိုင်ဖွင့်ထားသလိုမျိုးအေးအေးချမ်းချမ်းလေးရှိနေတတ်တယ်။

အဲ..ဦးချစ်စရာဆိုတာ အသက်ငါးဆယ်ကျော်လောက်ရှိတဲ့ဦးလေးကြီးတစ်ယောက်ပေါ့ကွာ
လဖက်ရည်ဖျော်ရင် သိပ်ကောင်းတာ။ ဘောဂ ဆိုင်နာမည်ကြီးလာတယ်ဆိုတာကလဲဦးချစ်စရာရဲ့တော်ရုံမဟုတ်တဲ့ လက်ရည်တွေကြောင့်ပေါ့။အစဥ်လိုက်ရှိတဲ့ရပ်ကွက်တကြောမှာ ဘောဂ ဆိုင်ကိုမှီတဲ့လဖက်ရည်ဆိုင်တစ်ဆိုင်မှမပေါ်သေးဘူး။

အချိန်တစ်ဆယ်အိုးကြီးတစ်အိုးမုန့်ဟင်းခါးဆိုတာလဲမိုးလင်းရှစ်နာရီကျော်ဆိုတာနဲ့ကုန်ပြီ။လဖက်ရည်တစ်ခွက်တစ်ရာ့ငါးဆယ်၊မုန့်ဟင်းခါးတစ်ပွဲတစ်ရာအကြော်နဲ့တစ်ရာ့ငါးဆယ်နဲ့ အေးချမ်းသာယာ၊ရှေ့သို့လမ်း၊စိန်ပန်းခိုင်ရပ်ကွက်၊ကန်ပဲ့ထိပ်၊အုတ်စည်ကန်လမ်း၊တစ်လျှောက်အထိ စိုးမိုးထားတာ။

နံပြားတစ်ချက်တစ်ရာ၊အီကြာကွေးတစ်ချောင်းတစ်ရာ၊စမူဆာတစ်ခုငါးဆယ်၊ပေါက်စီတစ်လုံးသုံးရာ၊ပဲပေါက်စီနှစ်ရာ၊ခေါက်ဟက်(ထမင်းကြော်နဲ့အသုပ်)တစ်ပွဲနှစ်ရာ။စျေးကလဲသင့်...အရသာကလဲကောင်းတော့မိုးလင်းရင်ထိုင်စရာနေရာတောင်မနည်းလုရတဲ့ဆိုင်မျိုး။

တို့ရပ်ကွက်ရဲ့သံလမ်းအကျော်ဘက်မှာဆို အာလူးကြော်စက်ရုံ၊ပေါင်မုန့်စက်ရုံတွေရှိတော့ အဲ့ကအလုပ်သမားတွေဆိုလည်းဒီဘက်အထိဆင်းပြီးတကူးတကလာလာဝယ်ကြ​တာ။
စေတနာလဲကောင်းတော့ရောင်းအားပါတက်တာပေါ့ကွာ။မင်းတို့လဲအသက်ကြီးလာလို့အခုလိုစီးပွားရေးမျိုးလုပ်မယ်ဆိုအမြတ်အကြေးထက် စေတနာနဲ့
ထည့်ရောင်းကြသိလား။ စေတနာဆိုတာအောင်မြင်ခြင်းရဲ့လမ်းစပဲ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now