[ရယ်ရခက်၊ငိုရခက်အုပ်ကြီး]

9.1K 952 315
                                    

Unicode
~~~~~~~

ဒီလိုနဲ့ ရက်တွေလတွေပြောင်းလာပြီးတစ်နှစ်နီးပါးဆိုတဲ့အချိန်တစ်ခုကိုရောက်လာတယ်။ကြားထဲကအချိန်တွေကိုတော့မသိချင်ကြနဲ့ သောက်ရမ်းကြည်နူးစရာကောင်းလွန်းလို့ ရည်းစားမရှိတဲ့လူတွေခံစားတတ်မှာမဟုတ်ဘူး။ အဲ့တာကြောင့် ငါနဲ့ရန်ကြီးနှစ်ယောက်တည်း အတွက်ကျော်ချလိုက်ပါတယ်။

အခုတော့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့
ငါ့ရဲ့စည်းကမ်းအတိုင်းမနက်ခင်းရဲ့လေကိုအဝရှုပြီး
ပတ်ဝန်းကျင်ကို သာယာတဲ့အသံလေးနဲ့အသိပေးလိုက်တယ်။

"ရီးကြန်ကိုအရစ်ချမ်းတယ်ဟေ့!!
လော့ကြား..လော့ကြား..!"

သာယာချိုမြိန်တဲ့အသံလေးက အရပ်ရှစ်မျက်နှာကို
ပျံ့လွင့်သွားပြီး မေတ္တာဓာတ်တွေကိုပို့ဆောင်ပေးဖို့
မျှော်လင့်တယ်။

"ကြားရသူအပေါင်းကျန်းမာပါစေ
ချမ်းသာပါစေကွယ်။"

"စောစောစီးစီးကျက်သရေကိုမရှိပါဘူး
ကိုမြင့်လွင် ရယ်။"

ထမင်းဝိုင်းကနေလှမ်းပြောလာတဲ့အမေ့စ​ကား
ကြောင့် ငါအိမ်ပေါက်ဝကနေပြုတ်ကျမလိုဖြစ်သွားရတယ်။ အဆိုးမြင်ဝါဒီတွေများကြီးထွားနေလိုက်တာ။သပိတ်မှောက်ပြီးဆန့်ကျင်လိုက်ရ။

"ဝမ်းနဲ့လွယ်မွေးထားလို့သာ အိမ်ပေါ်တင်ထားတာ။
မဟုတ်လို့ကတော့ ရွာသာကြီးကိုရိုက်ပို့လိုက်ပြီ။
တစ်နေ့နဲ့တစ်နေ့ တရုတ်ကားတွေကြည့်ပြီး
ဘာအရူးထနေမှန်းမသိ။"

"အမေတို့ကအဲ့တာပဲ...အတိမ်အနက်ကိုမသိ၊လေးနက်တဲ့အဓိပ္ပါယ်ကိုမသိနဲ့။ကိုယ်နားမလည်တိုင်း ဒီလိုကြီးတစ်ဖက်သက်စော်ကားနေတာက အတော်လေးကိုဆိုးဝါးတဲ့အမူအကျင့်ပဲနော်။လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်။"

ငါလဲအမေ့ကိုစချင်လာတာနဲ့
ဘေးမှာဝင်ထိုင်ပြီးစကားနာထိုးလိုက်တော့
ထုံးစံအတိုင်းမျက်စောင်းစူးစူးနဲ့အတူ စွာစိလန်နေတဲ့
စကားသံကထွက်လာတယ်။

"ဘာခွေးစကားတွေလာပြောနေတာလဲ..!။

"အဟွတ်!!"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now