[ခါးပိုက်နှိုက်ခံရတဲ့အုပ်ကြီး]

9.6K 990 317
                                    

Unicode
~~~~~~~

"တစ်ပတ်တာစနေဆိုရင်လေ တွေ့ကြတာ
နေ့တစ်ဝက်စာ မေ့မရပါသူနဲ့အတူသွားတာ..🎼

တနင်္ဂနွေဆိုရင် သူရယ် ဘုရားစေ့အောင်ဖူးကြမယ်
တောင်းဆုချွေဘဝတိုင်းဆုံရအောင်..🎼

တနင်္လာ အင်္ဂါမှာဆို အတွဲလေးနဲ့မြို့ နှံ့အောင်သွားပြီးရင် ဘိုင်စကုတ်ဝင်ကြည့်မယ် ..🎼

ဗုဒ္ဓဟူးမှာတစ်ခါ ကြာသပတေးနေ့လည်
အပြေးသွားမယ် အင်းလျားမှာအပီဆုံး ဒီသောကြာ🎼

ဒီလိုနဲ့ပဲ..ခုနစ်ရက်လုံးပြည့်အောင်..
သူနဲ့အမြဲလျှောက်လည် အပျော်ရွှင်ဆုံးပေါ့ကွယ်..🎼

တူ..တူ..တူ..တူ..တူ.. တူ တူ တူ တူ တူးးးးး🎼"

"ဟဲ့..ကျော်ဇေယျာနိုင်!
အသံဆိုးနဲ့ နင့်ပါးစပ်ပေါက်ကို ပိတ်ထားစမ်း!!။"

"အဟွတ်..ဟွတ်!"

ခေါင်းရင်းခန်းဘက်ကထွက်လာတဲ့ အမေ့ရဲ့အော်သံကြီးကြောင့်ငါ့မှာသီချင်းဆိုရင်းနဲ့ သီးသွားရတယ်။
အဲ့တာပဲကြည့် အမေတို့များကိုယ့်ဘာသာကိုယ်
သီချင်းဆိုတာတောင် လိုက်ပိတ်ပင်နေရော။
ဒါပေမဲ့လဲ အာဏာရှင်ကြီးကိုမလွန်ဆန်ရဲတာကြောင့်
သီချင်းကိုခပ်တိုးတိုးလေးညည်းပြီးတော့ပဲ
ဆံပင်ကိုအုန်းဆီလူးနေလိုက်တော့တယ်။

"ကိုယ့်ရဲ့..ရှင်ဘုရင်လေးလား
ကြင်နာစွာမြှောက်စား..မင်းအပါးမှာ"

"ဒီလောက်တောင်မြှောက်စားချင်အုံးဟဲ့..ဂွပ်...!။"

"အာ့..အမေ့!။"

ခေါင်းပေါ်ကိုခပ်ပြင်းပြင်းရောက်လာတဲ့ ဒန်ရေခွက်ရဲ့
အားကတော်ရုံမဟုတ်တာမို့ ငါ့ခေါင်းတစ်ခုလုံးပူထူသွားရတယ်။

"အမေ့..ဘာလဲဗျာ။!"

"နင့်လေသံကိုပြင်စမ်းကျော်ဇေယျာနိုင်..!!
တစ်မနက်လုံး အဲ့သီချင်းကြီးကိုအာအပြဲသားနဲ့ဆိုနေတာမမောနိုင်ဘူးလား ဟမ်..ငါဘုရားရှိခိုးမလို့လို့ပြောထားတယ်လေ။"

ပုခုံးပေါ်ယောဂီတဘတ်ကြီးတင်ပြီး ရန်တွေ့လာတဲ့
အမေ့ကို ငါသွားအဖြဲသားနဲ့ရယ်ပြပြီး အမြန်တောင်းပန်လိုက်ရတယ်။ဒီနေ့ကတနင်္ဂနွေနေ့လေ..ရုံးပိတ်ရက်၊၊ငါနဲ့ရန်ကြီးကဒီနေ့ချိန်းတွေ့..အဟမ်း..လျှောက်လည်ကြမှာ။ အဲ့တာကြောင့် စိတ်တွေလှုပ်ရှားပြီး သီချင်းတွေအော်ဆိုနေမိတာ။ ကျိန်းသေပေါက် အမေပြောတာလဲမကြားလိုက်ဘူးပေါ့။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now