အခန်း (၁)

16.1K 307 19
                                    

မနက်၉နာရီဆိုပေမယ့်ပတ်ဝန်းကျင်တစ်ခုလုံးမှိူင်းညှို့အုပ်ဆိုင်းနေပြီး..မိုးစက်တွေတဖျောက်ဖျောက်ကြနေတာ..ခုထိမဆဲသေး..ညကတည်းကရွာတဲ့အမိုး...အငြှိုးနဲ့များရွာနေသလား...ငွေကြေးချမ်းသာသူများဆိုရင်တော့ အခုလ်ိုရာသီဥတုမျိူးမှာ ကော်ဖီလေးတစ်ခွက်နဲ့ ဖုန်းလေးကြည့်ပြီးငြိမ့်နေကြမှာအမှန်..ဒါပေမယ့်လည်းပေါ့..ဘဝပေးအခြေအနေတွေကမတူညီကြတော့လည်း..ဆေးစက်ကျရာအရုပ်ထင်ရမှာပါပဲ။

ဘယ်လိုပဲခက်ခဲပါစေ..အသက်ရှင်သန်နေသ၍တော့  လှုပ်ရှားရုန်းကန်နေရအူံးမှာပဲမလား။..တဖွဲဖွဲကျနေတဲ့မိုးရေစက်တွေကြားထဲ ထီးအဖြူလေးကိုဆောင်းပြီး မိုးရေထဲမတ်တပ်ရပ်ပြီးစောင့်နေတဲ့ သျှားထက်ပန် ..ချမ်းလွန်းလို့မေးတွေတဆတ်ဆတ်တုန်နေပေမယ့်..မျက်နှာချင်းဆိုင်က မြင့်မားတဲ့အုတ်တံတိုင်းတွေအလည်မှာရှိတဲ့တံခါးကြီးပွင့်လာမယ့်အချိန်ကိုစောင့်နေတာ နာရီအတော်ကြာခဲ့ပြီ။

ဇွဲကောင်းကောင်းနဲ့ မဆဲပဲရွာနေတဲ့မိုးကြောင့် ဂါဝန်အနားစလေးတွေလည်းရွှဲရွှဲစိုနေသလို..ရှူးဖိနပ်လေးကလည်းရွှဲဆိုနေတာကြောင့် ခြေချောင်းလေးတွေပါ အေးစက်လို့နေသည်။...လက်တစ်ဖက်ကထီးကိုကိုင်ကာ..ကျန်လက်တစ်ဖက်က ပူတင်းဘူးထည်​့ထားတဲ့အိတ်လေးဆွဲထားပြီး..ပတ်ဝန်းကျင်ကိုလှည့်ကြည့်တော့..သူမလိုပင်မျှော်လင့်ချက်မျက်ဝန်းလေးတွေနဲ့စောင့်နေကြတဲ့သူများ။

ပန်ပန့်လို မိုးရေထဲစောင့်နေကြသူများရှိသလို..တချို့ကတော့ အငှားယာဥ်တွေပေါ်မှာ..တချို့ကတော့ကိုယ်ပိုင်ကားတွေပေါ်မှာ..ဒီနေ့ရဲ့ရာသီဥတုအခြေအနေကြောင့် Taxiငှားလ်ို့မရတာကြောင့် Busနဲ့ပဲလာခဲ့ရသည်။ထိုအချိန်....

(ကျွီ..........)

ဝန်းတံခါးဖွင့်သံအကျယ်ကြီးပေါ်ထွက်လာပြီးနောက်...တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသူများ...တချို့တွေကမိသားစုတွေနဲ့ပွေ့ဖက်ကြ ငိုကြ ပြန်ဆုံကုန်ကြပြီ။ပန်ပန်ကတော့ရပ်နေရာမှမရွှေ့ရသေး...ထွက်ပေါက်ကိုသာ..အာရုံစိုက်ပြီးစောင့်ကြည့်နေဆဲ။အရင်တစ်ခါလိုတော့မဖြစ်လောက်ဘူးမလား။ဒီတစ်ခါတော့...သေချာမှာပါ...ဒီတစ်ခေါက်လည်း...အရင်ကလိုသာဆို..ပန်နဲ့မာမားဆက်ပြီးအားတင်းနေဖို့သတ္တိတွေမရှိတော့တာမို့...ပန်တို့ဆီမြန်မြန်ပြန်လာပါတော့ ပါပါးရယ်။

မခွဲအတူ(complete)Where stories live. Discover now