အခန်း(၃)

5.7K 224 14
                                    

"တူ......တူ......တူ....''

"အင်းး..စွမ်းထက်ပြော''

"မ''

"အင်း..နားထောင်နေတယ်''

"ဒီနေ့ ဝတ်စုံသွားကြည့်ဖို့လေ မ..ဘယ်အချိန်လာခေါ်ရမလဲ''

"ငါမအားလို့မလိုက်တော့ဘူး...ဆိုင်ကိုဖုန်းဆက်ထားတယ်..သင့်တော်တာပဲရွေးပီးယူခဲ့လိုက်''

"ဟာ...မ....အဲ့လိုကြီးတော့မလုပ်ပါနဲ့...မ.. အားတဲ့အချိန်ပြောပါ...ကျွန်တော်အဲ့အချိန်ထိစောင့်မယ်..''

"Okလေ...ဒါဆိုအားတဲ့အချိန်စာပို့လိုက်မယ်..meeting စတော့မယ်..ဒါပဲ''

ဟင်းးးးးးး...မ.. ဘာလို့သူ့က်ိုအဲ့လောက်သူစိမ်းဆန်သွားတာလဲ...စေ့စပ်ဖ်ို့က်ိစ္စမပြောခင်အထ်ိ မ က သူ့အပေါ်နွေးထွေးနေဆဲ...အခုဘာလို့ချက်ချင်းပြောင်းလဲသွားတာလဲ...လက်မခံနိုင်ဘူးဆိုလဲ..မျှော်လင့်ချက်တွေမပေးခဲ့ပါနဲ့လား..မျှော်လင့်ချက်တွေပေးခဲ့ပြီးမှ အခုလိုကြီးကြ...ကျွန်တော်ဝမ်းနည်းတယ်( မ)..။

..
..
..
''အိမ့်မှူး..ဒီနေ့ဝတ်စုံသွားကြည့်မယ့်နေ့မလား''

"ဟုတ်ကဲ့ ဥက္ကဌကြီး''

"သမီးကို Uncle ခွင့်ပေးထားတယ်လေ...ဘာလို့လဲ...''

"ဟို...အဲ့ဒါက..''

Uncle က လက်မှတ်ထိုးစရာတွေထိုးနေရင်းမှ ခဏရပ်ထားပြီး သူမပြောလာမယ့်အဖြေက်ိုနားစွင့်နေပုံ..

"အင်းးးပြောလေ ..ဘာအခက်အခဲရှိလို့လဲ''

"ဟို..အခက်အခဲတော့မရှိပါဘူးဥက္ကဌကြီး...တာဝန်ချိန်ကြီးမလို့..ကိုယ်ရေးကိုယ်တာကြောင့်မလစ်ဟင်းစေချင်လို့ပါ''

"သမီးရဲ့က်ိုယ်ရေးကိုယ်တာက uncle့သားနဲ့သက်ဆိုင်နေတယ်လေ...အဲ့ဒါက်ို ကိုယ်ရေးကိုယ်တာလို့မပြောနဲ့..ဟုတ်ပီလား..တရားဝင်ခွင့်ပေးထားတာမလို့..အလုပ်တွေက်ို အတွင်းရေးမှူးနဲ့လွှဲထားခဲ့..စေ့စပ်ပွဲအတွက်ပဲ အာရုံစိုက်ထား..သမီးမအားသလ်ို...သားကလည်းအားနေတာမဟုတ်ဘူးလေ..အန်ကယ့်သားဘက်ကလိုက်ပြောတာမဟုတ်ဘူးနော်..မအားတဲ့သူအချင်းချင်းအချိန်ညှိစေချင်တာ...ဒီပွဲကလည်း...သမီးးသဘောတူလက်ခံလ်ို့. ..စီစဥ်တဲ့ပွဲပဲ...သမီးစိတ်မပါရင်...လက်မခံန်ိုင်ရင်...အန်ကယ့်ကိုပြော အားမနာနဲ့..ပွဲဖျက်ဖ်ို့အချိန်မီသေးတယ်...ကျေးဇူးတရားတွေကြောင့် ဘာညာ..မတွေးနဲ့..တကယ်တမ်းပေါင်းဖက်ရမှာ သားနဲ့သမီးနဲ့ပဲ...ကာယကံရှင်နှစ်ဦးပြေလည်ကြဖို့ပဲလိုတာ..အဲ့တော့ သမီးပြန်စဥ်းစားလ်ို့ရသေးတယ်...စိတ်မပါရင်တော့..ဆက်မလုပ်တာအကောင်းဆူံးပဲ..အန်ကယ်ပြောတာနားလည်လား''

မခွဲအတူ(complete)Where stories live. Discover now