အခန်း (၃၂)

6.1K 240 17
                                    

မခွဲအတူ...အပိုင်း (၃၂)

ဒီနေ့ဆို...ပန်ပန်တို့သားအမိ တောင်ငူ
အိမ်ကိုပြန်ရောက်တာ ၃လပြည့်ပြီ..ကို ကတော့ တောင်ငူနဲ့ ရန်ကုန် အိမ်ဦးနဲ့ကြမ်းပြင်သွားလိုက်ပြန်လိုက်လုပ်နေတဲ့အပြင် တောင်ငူ
မှာအိမ်တောင်ဝယ်ထားပြီ။..သူ့ယောက္ခထီးအကြောင်းသူသိလို့နေမှာ...ကို့အဖြစ်ကတကယ်သနားးစရာ..ပါပါးကိုနည်းမျိုးစုံနဲ့တောင်းပန်ဖို့ကြိုးစားပေမယ့်..ပါပါးကအိမ်ထဲကိုအဝင်မခံတဲ့အပြင် အိမ်အတွက်ဆိုင်အတွက်သားသားအတွက်လိုအပ်တာတွေဝယ်ပေးတာတောင် ပါပါးက အိမ်ပြင်ထုတ်ထားတာ..ပန်ပန့်အတွက် ကိုပေးထားတဲ့cardတောင် ပါပါးမသိအောင်သိမ်းထားပေးလို့သာ..သိများသိသွားရင်မလွယ်..ပန်ပန်ကပါပါးသိမှာကြောက်လို့ ကို့ကိုပြန်ပေးတော့ ကိုကစိတ်ဆိုးပြီးးးး ပန်ပန့်ကိုဆူတာကြောင့် သူ့က်ိုပြန်မပေးရဲတော့..သူရှာနေတာတွေက ပန်ပန်တို့သားအမိအတွက်..ပန်ပန်မသုံးချင်ရင်ကိုကဘာလို့အပင်ပမ်းခံစီးပွားရှာနေမလဲတဲ့...ထို့ကြောင့် ပန်ပန်ဝယ်ချင်တာတွေ ဖူးကိုသာcard​ပေးပြီးဝယ်ခိုင်းရသည်..အခုတလော ဖူးမ ပန်ပန်တို့သားအမိဆီမလာတာကြာပြီ..သူ့ဘဲသွားရာနောက်ပတ်လိုက်နေတာ...သူ့ဘဲကလည်းနာမည်ကျော်တေးရေးဆရာဖြစ်နေပြီဆို​တော့ မအားတော့...ဖူးလည်း ပန်ပန့်ဆီမလာနိုင်တော့တာမဆန်း။

ပန်ပန်နဲ့မာမားတလှည့်ဆီကို့အကြောင်းပြောဖို့ကြံစည်လိုက်တိုင်းပါပါးကအပြောကိုမခံ...
နောက်ဆုံးwarningအဖြစ် စွမ်းထက်က်ိုသားမက်အဖြစ်လက်ခံချင်တယ်ဆို..သူထွက်သွားပေးမယ်ဟုအပြတ်ပြောလာတာကြောင့်..ပန်ပန်နဲ့မားဆက်မပြောရဲတော့။ကို့ကိုလဲပါပါးအဲ့လိုပြောတယ်ဆိုတာအသိမပေးရဲ...ကိုသိရင်အရမ်းခံစားသွားရမှာ..ကို့နှလုံးကကောင်းတာမဟုတ်...ဟင်းးးးဘယ်လိုလုပ်ရမလဲမသိ..ပါပါးကိုလည်းမလွန်ဆန်နိုင်..ကိုနဲ့လည်းမိသားစုအတူတူနေချင်ပြီ...ဒီကြားထဲပါပါးက ပန်ပန်နဲ့ကိုကိုဇွဲထက်နဲ့မြောင်းဖောက်ပေးနေသေးတာ..မာမားဆူထားလို့သာငြိမ်နေတာ..

ကို့ခမျာ ပန်ပန်တို့သားအမိနဲ့တွေ့ခွင့်ရဖို့ကို...ညဘက်ပါပါးအိပ်ချိန်လောက်မှအိမ်အနားကပ်ရဲတာ...အိမ်နဲ့မလှမ်းမကမ်းမှာကားရပ်ထားပြီး ပန်ပန်တို့သားအမိက ပါပါးမသိအောင် တိတ်တိတ်လေး ထွက်သွားကာ ကို့ကိုသွားတွေ့ရတာဖြစ်သည်။

မခွဲအတူ(complete)Where stories live. Discover now