အခန်း (၂၀)

6K 244 29
                                    

မခွဲအတူ....အပိုင်း (၂၀)

"မမ..ဘာတွေလျှောက်လုပ်နေတာလဲဗျာ..ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ...Uncleကရော ဒီကိစ္စကိုလက်ခံလား''

"အင်းး..ဒီလိုပဲဖြစ်သွားတယ်..နင်ရော..အဆင်ပြေရဲ့လား''

"ပြေပါတယ်..သားမေးတာဖြေအူံးလေ..မမ ကိုဒေါ်လေးကမဆူဘူးလား''

"အဟင်းးးဆူတာပေါ့..ကျေးဇူးရှင်ကိုဘာညာ''

"စွမ်းထက် ကရော သဘောတူလားဒီကိစ္စကို''

"innn''

"ဟာ...ဒီကောင်.. သူကပြန်မတောင်းပန်ဘူးလား...သူရှုပ်ထားပီးတော့''

"တောင်းပန်တယ်လေ..ငါက လက်မခံချင်တော့တာ...နင့်သူငယ်ချင်းကခြေလှမ်းပျက်နေပြီသော်ဇင်..ငါသူ့စိတ်ကိုနားလည်တယ်..သူကနားမလည်သေးတာ...ဒါကြောင့်သူ့စိတ်သူသိအောင်လွှတ်ပေးထားလိုက်တာ''

"မမ ပြောချင်တဲ့သဘောက..''

"သူသျှားထက်ပန်ကိုစိတ်ဝင်စားနေတာ..သူကိုယ်တိုင်မသိသေးပေမယ့်..သူ့စိတ်အလုံးစုံက အဲ့ကောင်မလေးဆီမှာဆိုတာဘေးလူဖြစ်တဲ့ငါကသိတယ်...Sakuraက သျှားထက်ပန်ဆိုတာလည်း သူသိရဲ့သားနဲ့ငါ့က်ိုလိမ်ထားတယ်.. သူ့စိတ်ကို ပါတီနေ့မှာကောင်းကောင်းသိလိုက်တယ...စွမ်းထက်​သော်တာဆိုတာ..သူနဲ့မဆိုင်ရင်ဘယ်တုန်းကဝင်ပါဖူးလို့လဲ..ဘယ်တုန်းက ရန်ဖြစ်ဖူးလို့လဲ..သူ့အကြောင်းနင်အသိဆုံးသော်ဇင်...လူ့စိတ်ဆိုတာပြောင်းလဲတတ်တာပဲလေ..ဒီလူကိုပဲတစ်သက်လုံးချစ်သွားပါမယ်လို့ကာယကံရှင်တောင်အာမခံပေးန်ူင်တာမှမဟုတ်တာ..ပြောင်းလဲတတ်တဲ့လူ့သဘာဝအရ...သူနောက်ဆံတင်းနေမဆိုးလို့..ငါလွှတ်ပေးလိုက်တာ သူငါ့ကိုမုန်းချင်မုန်းနေမှာပေါ​့..ဒါပေမယ့်...ငါ့မောင်လေးကတော့..မမကိုနားလည်ပေးမယ်မလား''

"အင်းပါ...မမ စိတ်သဘောအတိုင်းလုပ်ပါ..မမအဆင်ပြေတယ်ဆိုပြီးတာပဲ...ကျွန်တော်ဝင်မစွက်ဖက်တော့ဘူး..အခုကျွန်တော်သိချင်တာက..Sweetyဆိုင်က သျှားထက်ပန်နဲ့ Sakuraနဲ့က တစ်ယောက်ထဲလား''

"အင်းးး''

"ဒါကို စွမ်းထက်သိထားတယ်ပေါ့''

"အင်းးး''

"ဒီလောက်ဆ်ိုရပီ...ဂရုစိုက်ပါ..မမ ကိုသဘောကျနေတဲ့သူတွေအများကြီး..ဒီတခါ မမ တကယ်ချစ်တဲ့သူနဲ့ပဲ လက်ဆက်ဖို့စဥ်းစားပါတော့...Uncleလည်း..ဒီလောက်ဆ်ို စွမ်းထက်အကြောင်းသိလောက်ပါပြီ..မမ မျက်နှာနာစရာမရှိတော့ဘူး...လိုက်လျောသင့်သလောက်လိုက်လျောပေးခဲ့ပီးပီပဲ..ပျော်အောင်နေပါ..သားလည်း အောင်မြင်အောင်ကြိုးစားမှာမလို့''

မခွဲအတူ(complete)Where stories live. Discover now