အခန်း (၃၃)

5.7K 218 9
                                    

မခွဲအတူ...အပိုင်း (၃၃)

ပန်ပန်တို့သားအမိ အိပ်ပျော်နေလိုက်တာ မာမားလာနှိူးမှပဲနိုးတော့သည်...သားသားကအစောကြီးနိုးနေတာကြောင့် နို့တိုက်ရင်းပြန်သိပ်တော့..သားအမိနှစ်ယောက်လုံး ရာသီဥတုခပ်အေးအေးမှာအိပ်ကောင်းနေကြတာ...

မာမားအခန်းထဲဝင်လာတော့မှ နိုးနေပြီဖြစ်တဲ့သားသားက သူ့ကိုခေါ်ဖို့ လက်ကလေးမြှောက်ကာမြှောက်ကာနဲ့..ပြုံးရယ်ပြနေလိုက်တာ...ဖွားဖွားကိုခြွေတတ်နေပြီ..

'အိုမို အိုမိူ...ဖွားမြေးလေးနိုးနေပြီကို...မြေးမာမီက မထဘူးနော်....မွမွ...တစ်လုံးတစ်ခဲကြီးနဲ့ချစ်လိုက်တာ ငါ့မြေးလေးကို...မွမွ'

မာမားကသားသားကိုပွေ့ချီလိုက်ပြီးဖက်ဖက်နမ်းနေတာအားရပါးရ...မာမားကအသက်ကြီးသွားပေမယ့် အခုထိအရွယ်တင်ပြီးနုပျိုနေဆဲ...

'သမီး...သားသားနို့ဝနေပြီမလား...မာမားခေါ်သွားပြီးသန့်ရှင်းရေးလုပ်ပေးလိုက်မယ်..သမီးရေချိုးပြီးဆင်းလာခဲ့..အိမ်ကဦးအတ္တ ရာသီဥတုမကောင်းဘူး...ပြောစရာရှိတယ်တဲ့'

'ဘာကိစ္စတဲ့လဲမာမား'

'မသိဘူး..မိုးလင်းကတည်းက မျက်နှာပျက်နေတာ..မာမားကိုလည်းစကားမပြောဘူး'

ပန်ပန့်ရင်ထဲဒိတ်ခနဲ...ကို နဲ့တွေ့နေတာသိသွားတာများလား...

'မာမား...ကိုနဲ့တွေနေတာများသိသွားတာလားပဲနော်'

'အို...မသိလောက်ပါဘူး...ညကအိပ်နေတာသိုးလို့..တခြားကိစ္စနေမှာပါ...ရေချိုးပြီး ဆင်းခဲ့တော့.မာမား.သမီးကြိုက်တဲ့ နန်းကြီးချက်ထားတယ်'

မာမားကသားသားကိုချီထားပြီး အခန်းထဲကထွက်ဖို့လုပ်နေတူန်း..ပန်ပန်ကုတင်ပေါ်ကအပြေးဆင်းကာ မာမားကိုနောက်ကနေပွေ့ဖက်ထားလိုက်မိသည်...

'မာမား..ချစ်တယ်နော်..ပနိပန့်ကိုနားလည်ပေးလို့'

'မားမှာ ဒီသမီးလေးတစ်ယောက်ထဲရှိတာ..စိတ်ဆင်းရဲမခံနိုင်ဘူး..ဒါပေမယ့်..သမီးက ပါပါးကိုတော့နားလည်ပေးရမယ်နော်'

'ဟုတ်မာမား..ပန်ပန်နားလည်ပါတယ် ဒါကြောင့်လဲ ပန်ပန် ကို့နောက်ကိုလိုက်မသွားတာပါ'

မခွဲအတူ(complete)Where stories live. Discover now